Nintendoက သူ့ရဲ့ Amiibo အရုပ်လေးများဟာ Wii Uရဲ့ Super Smash Brosဂိမ်းရောင်းချရမှုရဲ့ နှစ်ဆနီးပါးရှိတယ်လို့ ကြေညာပါတယ်။ Nintendoဟာ ၂၀၁၄ ခုနှစ်အကုန်အထိ အဲဒီဂိမ်းကို ၁.၃ သန်းရောင်းချခဲ့ရတဲ့အတွက် သင်္ချာနည်းနဲ့ တွက်ချက်ကြည့်ရင် အရုပ်လေးများရဲ့ ရောင်းအားဟာ ၂.၆ သန်းလောက်ရှိမှာ ဖြစ်ပါတယ်။ ဒါဟာ အလွန်ရောင်းကောင်းတာ ဖြစ်ပါတယ်။
ပလတ်စတစ် အရုပ်လေးများကို Wii Uရဲ့ Game Padပေါ်မှာ တင်ထားလိုက်တာနဲ့ စကင်ပြုလုပ်ပြီး Wii Uဂိမ်းစက်ထဲသို့ ဇာတ်ကောင်အဖြစ် ထည့်သွင်းပေးတာ ဖြစ်ပါတယ်။ Nintendoက အရုပ်အခြေပြု ကစားစရာလေးများကို ပြန်လည် အသက်သွင်းလိုက်တာလည်း ဖြစ်ပါသည်။
Nintendoက ပြီးခဲ့တဲ့လက အရုပ်လေးများရဲ့ ရောင်းအားဟာ ဂိမ်းရောင်းအားနဲ့ တူညီနေပြီလို့ ပြောတဲ့အတွက် အခုအချိန်မှာ အရုပ်ရောင်းအားဟာ အလွန်တိုးတက်နေတယ်လို့ ခန့်မှန်းရပါတယ်။ Nintendoက အရုပ်အချို့ ရောင်းချခြင်းကို ရပ်တန့်ထားတယ်လို့လည်း ကြေညာထားပါတယ်။ သဘာ၀အရ ရှားပါးခြင်းဟာ ရောင်းအားကို တိုးတက်စေလို့လည်း ဖြစ်နိုင်ပါတယ်။