Gadgets

SONYရဲ့ Play Station 4

SONYရဲ့ PlayStation 4ဂိမ်းစက်ဟာ အမေရိကား တစ်လွှားမှာရှိတဲ့ စတိုးဆိုင်တွေမှာတော့ နို၀င်ဘာ ၁၅ရက်နေ့မှာ ဈေးနှုန်း ဒေါ်လာ ၄၀၀ခန့်နဲ့ ရရှိတော့မှာ ဖြစ်ပါတယ်။ အဆိုပါ ဈေးနှုန်းဟာ နို၀င်ဘာလထဲမှာပဲ ထွက်ရှိမှာဖြစ်တဲ့ Microsoftရဲ့ Xbox Oneဂိမ်းစက်ထက် ဈေးနှုန်း ဒေါ်လာတစ်ရာလောက် သက်သာနေပြီး PS4နဲ့ Xbox Oneတို့ရဲ့ ယှဉ်ပြိုင်မှုကို ကျွန်တော်တို့ စိတ်၀င်စားဖွယ် စောင့်ကြည့်ရမှာပါ။ အမေရိကားမှာ ဖြန့်ချိပြီးနောက် အဆိုပါ PS4ကို ဥရောပဘက်မှာ နို၀င်ဘာ ၂၉ရက်နေ့ ပွဲထုတ်မှာ ဖြစ်ပြီး UKမှာ ၃၄၉ယူရိုနဲ့ အခြားနိုင်ငံတွေမှာတော့ ယူရို ၄၀၀ခန့်ဖြင့် ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါတင်မကသေး ပါဘူး။ SONYဟာ PS4ဂိမ်းစက်နဲ့ ကစားနိုင်မယ့် ဂိမ်းတွေကိုလည်း ဒီနှစ်မကုန်ခင် ထုတ်လုပ်ဖြန့်ချိ သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။

အဆိုပါ Paly Station 4ဂိမ်းစက်မှာ Eight-Core X86 AMB Jaguar CPUနဲ့ ဂရပ်ဖစ်အတွက် 1.84-teraflop AMD Radeon Graphics Engine(with “18 compute units”)အသုံးပြု ထားတာ ဖြစ်လို့ ဂိမ်းတွေရဲ့ ရုပ်ထွက်အတွက် စိတ်ချလက်ချ အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဂိမ်းစက်မှာ 500GB Hard Drive Storageနဲ့ RAMအတွက် 8GB GDDR5 Memoryအသုံးပြုထား ပါသေးတယ်။ Blu-ray Driveလည်း ထည့်သွင်းထားပြီး USB 3.0 Portsသုံးခု ပါ၀င်ကာ Wi-Fiကိုလည်း 802.11 b/g/nစနစ်တွေနဲ့ ချိတ်ဆက် နိုင်မှာ ဖြစ်ပါတယ်။ Ethernet, HDMI, Bluetooth 2.1စနစ်တို့ အပြင် Optical Audioနဲ့ Analog AV Outလည်း ပါ၀င်ပါတယ်။

အခြားသော စိတ်၀င်စားဖွယ် Featureတွေလည်း အများအပြား ပါ၀င်ပြီး Microsoftရဲ့ Xbox Oneနဲ့ SONYရဲ့ PS4ဂိမ်းစက် တို့ရဲ့အားပြိုင်ပွဲဟာ စိတ်၀င်စားစရာပါပဲ။ မြန်မာအိုင်စီတီ ပရိသတ်တွေ လေ့လာနိုင်ဖို့အတွက် Play Station 4ရဲ့ ပုံလေးတွေကို တင်ဆက်ပေးလိုက် ပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *