Gadgets

SONYရဲ့ အကောင်းစား Portable Speaker

ဂျပန်နိုင်ငံအခြေစိုက် ကမ္ဘာကျော် နည်းပညာကုမ္ပဏီ SONYရဲ့ Portable Speakerတစ်ခု လာမယ့်အောက်တိုဘာ ၁၉ရက်နေ့မှာ ထွက်ရှိလာမယ်လို့ သတင်းရရှိပါတယ်။ အဆိုပါ Speakerဟာ သီချင်းဖွင့် နားဆင်နိုင်ရုံမက Splash-Proofဖြစ်တဲ့ ဖိုင်ဘာနဲ့ ပြုလုပ်ထားတဲ့ ကိုယ်ထည် တပ်ဆင်အသုံးပြု ထားပြီး Bluetooth, NFCစတဲ့ ကြိုးမဲ့စနစ်တွေပါ ပါ၀င်မှာ ဖြစ်ပါတယ်။ စပီကာရဲ့ နာမည်ကတော့ SRS-BTS50ဖြစ်ကာ Batteryသက်တမ်း ၁၀နာရီ အသုံးခံမယ်လို့ သိရပါတယ်။ စမတ်ဖုန်းလိုမျိုး Deviceတွေနဲ့ ချိတ်ဆက်နိုင်ဖို့ Bluetooth 3.0လည်း ပါ၀င်တဲ့အတွက် သီချင်းတွေကို Streamingနားဆင် နိုင်မှာပါ။

ဒါ့အပြင် G-Force Sensorလည်း ပါ၀င်လို့ ကျယ်၀န်းတဲ့ နေရာတွေမှာတောင် Surround Modeနဲ့ အသံကို ကောင်းကောင်း ခံစားနိုင်မှာ ဖြစ်ပါတယ်။ အဖြူ၊ အနက်၊ အနီ၊ အပြာနဲ့ ပန်းရောင်ဆိုပြီး ကာလာ၅မျိုးနဲ့ ထုတ်လုပ်မှာဖြစ်ကာ ဈေးနှုန်း ၈၃ယူရို(၁၃၀ဒေါ်လာ) သတ်မှတ်ထားပါတယ်။ ဥရောပမှာတော့ အောက်တိုဘာ ၁၉ရက်နေ့မှ စတင်၀ယ်ယူနိုင်မှာ ဖြစ်ပါကြောင်း။ SONYဆိုတဲ့ နာမည်ရဲ့ အဓိပ္ပါယ်ကိုက Sonicက လာတာဖြစ်လို့ အသံမှာ Sonyအကောင်းဆုံးလို့ ရည်ညွှန်းထားတာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သွားလေရာ ယူဆောင်သွားလို့ရမယ့် ဒီPortable Speakerလေးကို ဘယ်အရောင်နဲ့ ရွေးချယ် ၀ယ်ယူမလဲ ဆိုတာ…။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *