Mobile

ကြီးတာမှ ကြိုက်တဲ့ လူတွေအတွက် Xperia Z Ultra

စမတ်ဖုန်းလောကမှာ မျက်နှာပြင်ကြီးကြီး Phabletတွေ ခေတ်စားနေတာနဲ့ အမျှ မြန်မာအိုင်စီတီ ပရိသတ်တွေ အတွက် မျက်နှာပြင် ကျယ်ကျယ်၊ အရည်အသွေးကောင်းကောင်း Phabletတစ်လုံးနဲ့ မိတ်ဆက်ပေးလိုက် ပါတယ်။ SONYရဲ့ Xperia Z Ultraဖြစ်ပြီးတော့ ရေစိုခံတဲ့ အဆင်ြ့မင့် Android Smart Phabletလည်း ဖြစ်ပါတယ်။ မြန်မာပြည်မှာလည်း ဈေးနှုန်း ၆သိန်းကျော်နဲ့ ၀ယ်ယူရရှိနိုင်ပြီ ဖြစ်လို့ သူ့ရဲ့ Spec:တွေ အကြောင်းကို လေ့လာလိုက်ရအောင်ဗျာ။

Display

မျက်နှာပြင်အကျယ် ၆.၄လက်မနဲ့ 1080×1920Pixels ရုပ်ထွက် အရည်အသွေးရှိတဲ့ Capactive Touch Screenတပ်ဆင် ထားပါတယ်။ Multitouchကိုလည်း လက်ဆယ်ချောင်းအထက် အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ ကာကွယ်မှုပိုင်းမှာတော့ Triluminosအသုံးပြု ထားကာ ရေစိုခံ၊ ပွန်းပဲ့ခံ၊ အကြမ်းခံတဲ့ စမတ်ဖုန်းတစ်လုံးပါ။

Hardware & OS

Android 4.2(Jelly Bean)အသုံးပြု မောင်းနှင်ထားကာ Chipsetကိုတော့ Qualcomm Snapdragon 800တပ် ဆင်ထားတာ ဖြစ်တဲ့အပြင် CPUမှာ Quad-Core 2.2GHz Krait 400နဲ့ ဂရပ်ဖစ်ရုပ်ထွက် အန်နီမေးရှင်းအတွက် GPUကိုလည်း Adreno 330အသုံးပြု ထားတာဖြစ်လို့ တကယ်ကို အဆင့်မြင့်တဲ့ မျက်နှာပြင်ကြီးကြီး Phabletပဲ ဖြစ်ပါတယ်။ အချက်အလက်တွေ သိုလှောင်ဖို့ ဖုန်းတွင်း မှတ်ဉာဏ် 16GBထည့်သွင်း ပေးထားတဲ့အပြင် RAMကိုလည်း 2GBတပ်ဆင် ပေးထားပါတယ်။ မလုံလောက်သေးရင် microSD Cardကို 64GBအထိ ထပ်မံထည့်သွင်း နိုင်ပါတယ်။

Design & Body

ဖုန်းရဲ့ ပုံစံဟာ ပါးလျပြီး ကြီးမားတဲ့ပုံစံ ရှိပါတယ်။ မျက်နှာပြင်ကျယ်ကျယ် သုံးရတာ ကြိုက်တဲ့လူတွေ အတွက်တော့ အဆင်ပြေစေမှာ ဖြစ်ပြီး အဆိုပါ ဖုန်းရဲ့ ဒီဇိုင်းပုံစံကိုလည်း ဖော်ပြပေးထား ပါတယ်။ အဖြူ၊ အနက်နဲ့ ခရမ်းနုရောင် ဆိုပြီး ကာလာ၃မျိုး ထုတ်လုပ်ထားကာ Dust & Water Proofဖြစ်ပါတယ်။ ရေအောက်အနက် တစ်မီတာအထက် ရေစိုခံတယ်လို့ သိရပါတယ်။

Network & Data Transfer

2G,3G,4G LTEစနစ်တွေ အားလုံးမှာ ချိတ်ဆက်အသုံးပြု နိုင်ပြီး မြန်မာပြည်မှာ ဆိုရင်တော့ GSM, WCDMAတွေ အတွက် ဖြစ်ပါတယ်။ Micro-SIMထည့်သွင်း ရမှာပါ။ အချက်အလက်တွေ ကူးပြောင်းဖို့ GPRS, EDGE, HSPDAစနစ်တွေ အသုံးပြု နိုင်ရုံသာမက Wi-Fiကို 802.11 a/b/g/n/acစတဲ့ စနစ်တွေမှာ အကုန်ချိတ်ဆက် နိုင်ပါတယ်။ Bluetooth 4.0, USB, microUSB 2.0နဲ့ ဖုန်းချင်းထိကပ် လိုက်တာနဲ့ Dataတွေ ကူးပြောင်း စီးဆင်းသွားစေမယ့် NFC(Near Field Communication)စနစ်လည်း ထည့်သွင်း ပေးထားပါတယ်။

Camera

8MPအရည်အသွေးရှိ ကင်မရာကို တပ်ဆင်ထားပြီး Resolution 3264×2448ရုပ်ထွက် အရည်အသွေး ရှိပါတယ်။ ကင်မရာရဲ့ Featureတွေ အနေနဲ့ Auto Focus, Geo-Tagging, Touch Focus, Face Detection, Image Stabilization, HDRနဲ့ ပုံတွေကို တစ်ဆက်စပ်တည်း ရိုက်ယူနိုင်မယ့် Sweep Panoramaလည်း ပါ၀င်လာပါတယ်။

Battery

ဘက္ထရီကတော့ ဖြုတ်တပ်လို့မရတဲ့ Li-Ion 3050mAh Batteryဖြစ်ပါတယ်။ 3Gကွန်ရက်မှာ Stand-Byထားရင် နာရီပေါင်း ၈၂၀အသုံးခံမယ်လို့ သိရပြီး Talking Timeကတော့ ၁၆နာရီခန့် သုံးနိုင်မှာပါ။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

3 thoughts on “ကြီးတာမှ ကြိုက်တဲ့ လူတွေအတွက် Xperia Z Ultra

  1. Myo Min Oo says:

    အဲ့ဒီဖုန်းအတွက်မြန်မာစာ မမှန်သေးတာ အကြံပေးပါဦး

  2. Maythu Aung says:

    ကြိုက်တယ် XPERIA Zကော

  3. Khin Zaw says:

    myanmar ict ရေ မြန်မာဖောင့်တွေ ကောင်းကောင်းမပေါ်ဘူး

Leave a Reply

Your email address will not be published. Required fields are marked *