News

Sony က Xperia ဖုန်းများ ကို Android 4.4 KitKat ပေးပြီ

Sony က Xperia ဖုန်းများ ကို Android 4.4 KitKat ပေးလိုက်ပြီဖြစ်ပါတယ်။ ဗုဒ္ဓဟူး နေ့ က ကြေညာလိုက်တာဖြစ်ပြီး Xperia Z Ultra, Xperia Z1, Xperia Z1 Compact တို့ မှာ KitKat ရရှိပြီ ဖြစ်ပါတယ်။ နိုင်ငံ နဲ့ Carrier ပေါ်မူတည်ပြီး အချိန် အနည်းငယ် နှောင့်နှေးနိုင်ပါတယ်။ KitKat Upgarde မှာ Standard User Interface ပိုမိုကောင်းမွန်လာတယ်လို့ Sony က ပြောပါတယ်။ Sony က Status Bar နဲ့ Quick Settings စွမ်းဆောင်ချက် ကို ပြုပြင်ပြောင်းလဲပေးထားပါတယ်။ Sony က KitKat ကို ပြုပြင်ပြောင်းလဲမှု ပြုလုပ်ထားပြီး PlayStation 4 User Interface တွေလည်းပါရှိတယ်လို့ သိရပါတယ်။

အခြား စမတ်ဖုန်း ထုတ်လုပ်သူများ လိုပဲ Sony က Google ရဲ့ Android OS ကို သူ့ကိုယ်ပိုင် ဆော့ဝဲတွေနဲ့ ကိုက်ညီအောင် ပြုပြင်ပြောင်းလဲ ဆန်းသစ်ထားပါတယ်။ Sony က KitKat Update မှာ သူ့ရဲ့ App တွေ ဖြစ်တဲ့ Messaging, TrackID, Sony Select နဲ့ အခြား Programs တွေကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးထားတယ်လို့ ပြောပါတယ်။ Sony Entertainment Network လည်း ပါရှိလာမှာ ဖြစ်ပါတယ်။

Sony က Xperia Z, Xperia ZL, Xperia Tablet Z အပါအ၀င် အခြား Device များအတွက် KitKat ရရှိရန် လည်း စီစဉ်နေပါတယ်။ အဲဒီ Device တွေကို မေလ မှာ KitKat ရရှိအောင် ပြုလုပ်ပေးမယ်လို့ သိရပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *