Mobile

SONYရဲ့ Xperia M

မြန်မာအိုင်စီတီ ပရိသတ်တွေ အတွက် ယခုသြဂုတ်လထဲကမှ ထွက်ရှိထားတဲ့ SONYရဲ့ Xperia Mဆိုတဲ့ စမတ်ဖုန်းလေး တစ်လုံးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဆိုပါဖုန်းဟာ Dual-SIMမို့လို့ SIMကဒ် နှစ်ခုအသုံးပြု နိုင်ပြီး သုံးစွဲသူတွေ အဆင်ပြေစေမယ့် Xperiaဖုန်းလေး တစ်လုံးပါပဲ။

Display

မျက်နှာပြင်အကျယ် ၄လက်မနဲ့ TFT Capactive Touchscreenကို တပ်ဆင်အသုံးပြု ထားတာကြောင့် Screenအနေတော် ကြိုက်တဲ့ Userတွေ အတွက်တော့ နှစ်သက်စရာပါ။ ဒါ့အပြင် လက်ချောင်း ၄ချောင်းနဲ့ အထက် အသုံးပြုနိုင်မယ့် Multitouchစနစ်လည်း ပါ၀င်ပြီး ကုတ်ရာ၊ ခြစ်ရာတွေကို ခုခံပေးမယ့် ဖန်လွှာနဲ့လည်း ဖုန်းကို ကာကွယ် ပေးထားပါတယ်။ Resolutionကတော့ 480×854pixelsသာ ရှိတဲ့အတွက် ရုပ်ထွက်ကတော့ အားနည်းတယ်လို့ ဆိုရမှာပါ။

Connectivity

2Gကွန်ရက်မှာ ဆိုရင် GSM 850/900/1800/1900စတဲ့ ဗားရှင်းတွေ အကုန် အသုံးပြုနိုင်ပြီး 3Gကွန်ရက်မှာလည်း HSPDAစနစ်တွေ မှာ ချိတ်ဆက် အသုံးပြုနိုင်မှာပါ။ Dataတွေ ကူးပြောင်းဖို့ GPRS, EDGEစနစ်တွေ သာမက Wi-Fiကိုလည်း 802.11 a/b/g/n စနစ်တွေနဲ့ Bluetooth 4.0, USB, microUSB 2.0စနစ်တွေ ထောက်ပံ့ ပေးထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စမတ်ဖုန်းအချင်းချင်း ထိတွေ့လိုက်ရုံနဲ့ Dataတွေ ကူးပြောင်းစီးဆင်း သွားစေမယ့် နောက်ဆုံးပေါ် NFC(Near Field Communication)နည်းပညာ ကိုလည်း ထည့်သွင်းထားပါတယ်။

Hardware & OS

ဒီဖုန်းမှာ အသုံးပြုထားတဲ့ Chipsetကတော့ Qualcomm Snapdragon S4 Plusဖြစ်လို့ တော်တော်လေး ကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။ CPUအမြန်နှုန်း ကလည်း Dual-Core 1GHz Kraitနဲ့ ဖုန်းရဲ့ ရုပ်ထွက်ဂရပ်ဖစ် အတွက် GPUကို Adreno 305သုံးထား တာကြောင့် အသုံးပြုရ မြန်ဆန်သွက်လက်ပြီး စမတ်ဖုန်း ဂိမ်းတွေကို ကောင်းကောင်းကစားနိုင် မှာပါ။ ဒါ့အပြင် ဖုန်းရဲ့ Screenကို အလိုလျောက် လှည့်ပေးနိုင်တဲ့ Accelerometer, ဖုန်းပြောချိန် Screenကို ပိတ်ထားပေးတဲ့ Proximityနဲ့ တည်နေရာ ရပ်ညွှန်းထောင့်ကို ဖော်ပြပေးမယ့် Compassစတဲ့ Sensorတွေလည်း ပါ၀င်နေပါတယ်။

Design , Body & Battery

Xperia Mဖုန်းကို အဖြူ၊ အမဲ၊ ပန်းရောင်နဲ့ အဝါဆိုပြီး အရောင်လေးရောင် ထုတ်လုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဖုန်းရဲ့အလေးချိန်ကတော့ ၁၁၅ဂရမ် ရှိပြီး ဖုန်းမှာ တပ်ဆင်ထားတဲ့ Batteryဟာ Li-ion 1750 mAhဖြစ် ပါတယ်။ 3Gကွန်ရက်မှာ ဆိုရင် ဖုန်းပြောချိန် ၉နာရီခန့်အထိ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Camera

ဖုန်းရဲ့ ကင်မရာပိုင်းကို ကြည့်မယ် ဆိုရင်လည်း 5MPအရည်အသွေးမှာ ရုပ်ထွက် Resolution 2592×1944 pixelsအသုံးပြု ထားတာကြောင့် SONYရဲ့ ထုံးစံအတိုင်း ကင်မရာ မညံ့တာကို တွေ့ရမှာပါ။ ဒါ့အပြင် ကင်မရာ Featureတွေ အနေနဲ့လည်း AutoFocus, LED Flash, Geo-Tagging, TouchFocus, Imgae Stabilization, HDRနဲ့ Panoramaစသဖြင့် ပြည့်ပြည့်စုံစုံ ပါ၀င်ကာ ဗီဒီယိုတွေကိုလည်း 720p@30fpsအရည်အသွေးနဲ့ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ရှေ့ကင်မရာကိုလည်း VGAတပ်ဆင် ပေးထားပါသေးတယ်။

Entertainment

Stereo FM Radioပါ၀င်ပြီး MP3/MP4/WAVစတဲ့ Formatတွေ အကုန်ဖွင့်နိုင်မှာ ဖြစ်သလို 3.5mm Audio Jack Portလည်း ပါ၀င်ပါတယ်။ အချက်အလက်တွေ သိုလှောင်ဖို့ ဖုန်းတွင်း မှတ်ဉာဏ်ကို 4GBစီစဉ် ပေးထားပြီး RAM 1GBလည်း တပ်ဆင် အသုံးပြုထားပါတယ်။ ဒါ့အပြင် Memoryမလုံလောက် သေးရင် ထပ်မံတိုးချဲ့နိုင်ဖို့ microSDကဒ်ကိုလည်း 32GBအထိ ထပ်မံထည့်သွင်း အသုံးပြုနိုင်ပါတယ်။

ဒီဖုန်းဟာ မော်ဒယ်မြင့်ဖုန်းတွေ အများအပြား အပြိုင်အဆိုင်တွေ ထုတ်လုပ်နေကြတဲ့ထဲမှာ ထွက်ရှိလာတဲ့ SONYရဲ့ သုံးပျော်တဲ့ အကောင်းစား ဖုန်းလေးတစ်လုံး ဖြစ်တာကြောင့် ဈေးနှုန်းအားဖြင့်လည်း သိပ်ပြီး မြင့်မားနိုင်ဖွယ် မရှိဘူးလို့ ခန့်မှန်းရ ပါတယ်။ SIM Card ၂ကဒ် သုံးနိုင်တာကလည်း သူ့ရဲ့ အားသာချက် တစ်ခုပါ။ ဒါကြောင့်မို့ မြန်မာအိုင်စီတီ ပရိသတ်တွေ ရွေးချယ်စဉ်းစား ၀ယ်ယူနိုင်မယ့် SONYဟန်းဆက် တစ်လုံးအဖြစ် တင်ပြပေးလိုက် ရပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *