Featured, News

အမေရိကန်က Sonyဟက်ခံရမှုဟာ မြောက်ကိုရီးယားကြောင့်လို့ ပြစ်တင်

အမေရိကန်က Sonyဟက်ခံရမှုဟာ မြောက်ကိုရီးယားကြောင့်လို့ ပြစ်တင်

Sony Sutdioက နောက်တစ်ပတ်မှာ ဖြန့်ချီမယ်လို့ စီစဉ်ထားတဲ့ အငြင်းပွားဖွယ်ရာ “ The Interview” ဟာသရုပ်ရှင် ဖြန့်ချီမှုကို ရပ်နားမယ်လို့ ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်သလိုပဲ အမေရိကန်ကတော့ Sony Picturesဟက်ခံရမှုဟာ မြောက်ကိုရီးယား ကြောင့်လို့ ပြစ်တင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။

အမေရိကန် စုံစမ်းစစ်ဆေးသူများက ပြုံယမ်းအတွက် အလုပ်လုပ်ပေးနေတဲ့ ဟက်ကာတွေအပေါ်ကို အပြစ်တင်တဲ့ ကြေညာချက်ကို အစောဆုံးအနေနဲ့ ကြာသပတေးနေ့မှာ ထုတ်ပြန်မယ်လို့ ပြောပါတယ်။

မြောက်ကိုရီးယားက သူ့နိုင်ငံမှာ အင်တာနက် အသုံးပြုမှုကို တင်းကျပ်စွာ ထိန်းချုပ်ထားတာကြောင့် အမေရိကန် အာဏာပိုင်တွေက တိုက်ခိုက်မှုကို မြောက်ကိုရီးယားနိုင်ငံက တိုက်ရိုက် အမိန့်ပေးတာလို့ ယုံကြည်နေပါတယ်။

မြောက်ကိုရီးယား အရေး ကျွမ်းကျင်သူများက ဆိုက်ဘာတိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ “ Bureau 121”လို့ ခေါ်တဲ့ ယူနစ်တစ်ခုကို တည်ဆောက်ဖို့ ရှားပါးတဲ့ အရင်းအမြစ်တွေကို အသုံးပြုခဲ့တယ်လို့ ပြောပါတယ်။

အင်တာဗျူးရုပ်ရှင်ပြသမယ့်ရုံတွေကို လူတွေ မသွားသင့်ဘူးလို့ ခြိမ်းခြောက်မှုနောက် ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ Sonyက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီကို လုပ်ကြံတဲ့ ရုပ်ရှင်ကို ဖြန့်ချီဖို့ကို ရပ်ဆိုင်းထားပါတယ်။

Sonyမှာ ရွေးချယ်စရာ သိပ်မရှိပါဘူး။ နိုင်ငံရဲ့ အဓိက ရုပ်ရှင်ရုံပိုင်ရှင်တွေက နောက်တစ်ပတ်ပြမယ့်ရုပ်ရှင်ကို ရွှေ့ဆိုင်း ဒါမှမဟုတ် ဖျက်သိမ်းမယ်လို့ ပြောခဲ့ကြပါတယ်။ လွတ်လပ်စွာ အနုပညာပြသမှုကို အားပေးသူများအတွက်တော့ မိသားစုတွေရဲ့ ဟက်ကာတွေရဲ့ သတိပေးစကားအပေါ်အာရုံစိုက်နေမှုနဲ့ အားလပ်ရက်လက်ကျန်နေ့ရက်များမှာ ရုပ်ရှင် မကြည့်ချင်တော့တဲ့ ကြောက်ရွံ့မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

“ရုပ်ရှင်ကို ပြသဖို့အတွက် ရုပ်ရှင်ရုံပိုင်ရှင် အများစုက ကန့်ကွက်ကြပါတယ်။ စီစဉ်ထားတဲ့ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ရုပ်ရှင်ကို မပြသဖို့ ဆုံးဖြတ်လိုက်ပါပြီ။” လို့ Sonyက ပြောပါတယ်။

Sonyဟာ ၀န်ထမ်းတွေ၊ ဖောက်သည်တွေနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းအပေါ်မှာ တစ်ခါမှမကြုံဖူးတဲ့ တိုက်ခိုက်မှုတွေရဲ့ သားကောင်ဖြစ်နေပါပြီလို့ ပြောပါတယ်။

“ရုပ်ရှင်ဖြန့်ချီမှုကို ထိန်းချုပ်ထားတဲ့ ရုးကြောင်ကြောင်လုပ်ရပ်ကို အလွန် ၀မ်းနည်းပူဆွေးနေပါတယ်။ ဖော်ပြချက်တွေကို လွတ်လပ်ခွင့်ပေးဖို့ ရုပ်ရှင် ထုတ်လုပ်သူတွေနဲ့ သူတို့ရဲ့ အခွင့်အရေးတွေကို ထောက်ခံပါတယ်။ ဒီရလဒ်အတွက်တော့ တော်တော် စိတ်ပျက်နေပါတယ်။” လို့ ကုမ္ပဏီက ပြောပါတယ်။

ရုပ်ရှင်ဇာတ်ညွှန်းရေးသူနဲ့ သရုပ်ဆောင်အချို့ကလည်း ရလဒ်နဲ့ ပတ်သက်ပြီး ၀မ်းနည်းမှုနဲ့ ကြောက်လန့်မှုကို ဖော်ပြခဲ့ကြပါတယ်။ “ဒီနေ့မှာတော့ အမေရိကန်ဟာ တန်ဖိုးထားခဲ့ကြတဲ့ သဘောတရားအပေါ်မှာ တစ်ခါမှ မကြံတွေ့ဖူးတဲ့ တိုက်ခိုက်မှုကို အလျော့ပေးနေရပါပြီ။ “ လို့ Aaron Sorkinက The Los Angeles Timesကို ပြောပါတယ်။

Judd Apatowကလည်း ရုပ်ရှင်ရုံပိုင်ရှင်တွေကို ရှက်စရာလို့ ပြောလိုက်ပြီး အမည်ဖော်ပြခြင်းမရှိတဲ့ ခြိမ်းခြောက်မှု အတွက် ရုပ်ရှင်တိုင်းကို ပြသခြင်း မပြုတော့ဘူးလားလို့ မေးခွန်းထုတ်လိုက်ပါတယ်။

ဟာသကားဟာ ခရစ်စမတ်နေ့မှာ ပြသဖို့ စီစဉ်ထားတာပါ။

Sonyက ရုပ်ရှင်ဖြန့်ချီမှုကို ဘာလို့ ဖျက်သိမ်းလိုက်တာလဲ?

ကုမ္ပဏီအချို့ရဲ့ ကြေညာချက်တွေနဲ့ အခြေအနေနဲ့ ပတ်သက်ပြီး တိုက်ရိုက် သတင်းတွေ ရနေတဲ့ အရင်းအမြစ်တွေရဲ့ အဆိုအရ ရုပ်ရှင်ကို မပြသဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ ရုံတွေက AMC Entertainment, Regal(RGC), Cinemark(CNK), Carmike Cinemas (CKEC)တို့ ဖြစ်ပါတယ်။

Bow The Cinemas and Southernအပါအ၀င် ရုပ်ရှင်ရုံငယ်လေးတွေကလည်း ဒီလို ဆုံးဖြတ်ခဲ့တာပါ။
Bow Tieက ရုပ်ရှင်နဲ့ ပတ်သက်ပြီး ခြိမ်းခြောက်ခံရမှုကြောင့် ၀မ်းနည်းပြီး ဒေါသထွက်ခဲ့ရတယ်လို့ ကြေညာချက်မှာ ရေးသားထားပါတယ်။ ၀န်ထမ်းတွေနဲ့ ဧည့်သည်တွေအတွက် လုံခြုံဖို့နဲ့ သက်တောင့်သက်သာရှိဖို့ဆိုတာ ကျွန်တော်တို့ ရည်မှန်းချက်ပါလို့ ကုမ္ပဏီက ပြောပါတယ်။

ကနေဒါ အခြေစိုက် Cineplexကလည်း ပြသမှုကို ရွှေ့ဆိုင်းမယ်လို့ ပြောပါတယ်။

“ Cineplexက လွတ်လပ်စွာ အနုပညာပြသမှုကို အလေးပေးပေမယ့် ကျွန်တော်တို့ ဧည့်သည်တွေအတွက် လုံခြုံရေးနဲ့ ဘေးကင်းရေးဟာ နံပါတ်တစ်ဦးစားပေး ဖြစ်ချင်တာပါ။ အခြေအနေကို ဖြေရှင်းပြီးတဲ့ တာ၀န်ရှိသူတွေကိုလည်း ဖမ်းမိတဲ့ အချိန်ကို စောင့်မျှော်နေပါတယ်။”လို့ ပြောပါတယ်။

Regalကတော့ “ Sonyရဲ့ ရုပ်ရှင်အပေါ်ထောက်ပံ့ပေးမှု ယိုင်လဲသွားသလို ဒွိဟဖြစ်စေတဲ့ လုံခြုံရေးခြိမ်းခြောက်မှုတွေကြောင့် ရုပ်ရှင်ပြသမှုကို အချိန်နောက်ဆုတ်မယ်။” လို့ ပြောပါတယ်။

The Interviewရုပ်ရှင်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီကို လုပ်ကြံဖို့ ကြိုးစားတဲ့ ဇာတ်လမ်းကြောင့် အငြင်းပွားဖွယ်ဖြစ်လာတာပါ။

စီအန်အန်က ပြည်နယ်အာဏာပိုင်တွေဟာ Sonyအရာရှိတွေနဲ့ ဆွေးနွေးခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူးလို့ ပြောပါတယ်။

Sonyက ဟက်ခံရမှုမှ ပြန်လည်နာလန်ထဖို့ ကြိုးစားနေရတုန်းပါ။

ရုပ်ရှင်အပေါ် အမျက်ထွက်မှုကြောင့် ဖြစ်ပေါ်လာပုံပေါ်တဲ့ ဆိုက်ဘာတိုက်ခိုက်မှုဟာ Sony Picturesကို ပျက်ဆီးစေခဲ့ပါတယ်။ ခွဲခြမ်းစိတ်ဖြာသူတွေက ပြန်လည် နာလန်ထဖို့ ကုမ္ပဏီအနေနဲ့ ဒေါ်လာသန်းရာနဲ့ချီကုန်ကျမယ်လို့ မျှော်လင့်ထားပါတယ်။

လော့စ်အင်ဂျလိစ်မှာ အဲဒီရုပ်ရှင်ကို ပြီးခဲ့တဲ့တစ်ပတ်က အနှောင့်အယှက်ကင်းကင်းနဲ့ ပြသနိုင်ခဲ့ပါတယ်။ အင်္ဂါနေ့မှာ ခြိမ်းခြောက်မှုခံလိုက်ရပြီးတဲ့နောက်မှာတော့ နယူးယောက်မှာ ပြသဖို့ကို ဖျက်သိမ်းလိုက်တာပါ။

ခြိမ်းခြောက်မှုဟာ မီဒီယာတွေများစွာကို ဂရုစိုက်စေခဲ့ပါတယ်။

ရုပ်ရှင်ပြသမယ့် Landmark ရုပ်ရှင်ရုံကို ပူးတွဲပိုင်ဆိုင်သူ Mark Cubanက ကောင်းကျိုးထက် ဆိုကျိုးတွေများမှာဖြစ်လို့ ရုပ်ရှင်ကို ပြသဖို့ ဖျက်သိမ်းလိုက်တာလို့ ပြောပါတယ်။

“ တစ်စုံတစ်ခုဖြစ်တော့မယ်လို့ စိတ်အနှောင့်အယှက်ဖြစ်နေချိန်မှာ ရုပ်ရှင်သွားကြည့်နိုင်မှာမဟုတ်ပါဘူး။ ဒီလိုစွန့်စားဖို့ မထိုက်တန်ပါဘူးဗျာ။” လို့ Cubanက အင်တာဗျူးမှာ ပြောပါတယ်။

အခြေအနေနဲ့ ပတ်သက်ပြီး တိုက်ရိုက်သိထားကြတဲ အရင်းအမြစ်တွေထဲက တစ်ယောက်က နောက်ထပ် စဉ်းစားစရာတစ်ခုကို ပြောပြပါတယ်။ လူတွေက တစ်ညီတစ်ညွတ်ထဲပဲ ရုပ်ရှင်ရုံသွားကြမှာ မဟုတ်တာက ပြဿနာပါ။

ဗုဒ္ဓဟူးနေ့မှာ ဟောလီးဝုဒ်မှ ထွက်ပေါ်လာတဲ့ အသံတွေကတော့ Sonyနဲ့ ရုပ်ရှင်ရုံတွေ အဝေးကခြိမ်းခြောက်နေတာကို အလွန်အမင်းကြောက်လန့်နေကြတယ်လို့ ဖြစ်ပါတယ်။

FBIက ဖြစ်ရပ်ကို စုံစမ်းနေပြီး အမေရိကန် ပြည်တွင်းလုံခြုံရေးဌာနက အမေရိကန်ထဲက ရုပ်ရှင်ရုံတွေကို တိုက်ခိုက်မယ့် အစီအစဉ်တွေကို ကျွန်တော်တို့ စုံစမ်းသိရှိခြင်း မရှိပါဘူးလို့ အင်္ဂါနေ့က ပြောပါတယ်။

အမေရိကန်အစိုးရက ဟက်ခံရမှုကို တုန့်ပြန်ဖို့ Sonyကို အကူအညီပေးဖို့ ကမ်းလှမ်းခဲ့တယ်လို့ အိမ်ဖြူ တော် နိုင်ငံလုံခြုံရေးကောင်စီမှ အဆိုပြုချက်အရ သိရပါတယ်။

“ အမေရိကန်အစိုးရ ပြစ်မှုကျူးလွန်သူတွေကို စီရင်ဖို့ ပြင်းပြင်းထန်ထန်ကြိုးစားနေပါတယ်။ တုန့်ပြန်ဖို့ နည်းလမ်းတွေကိုလည်း စဉ်းစားနေပါတယ်။ အနုပညာရှင်တွေကို ကန့်သတ်တာ၊ ခြိမ်းခြောက်တဲ့ ဘယ်လို ကြိုးစားမှုမျိုးကိုမဆို ကျွန်တော်တို့ လေးလေးနက်နက် စဉ်းစားမှာပါ။ “ လို့ NSCရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

ဒီအချိန်မှာပဲ အာရုံစိုက်မှုအားလုံးဟာ ရုပ်ရှင်ကြည့်ဖို့ လူတစ်ချို့ကို စွဲဆောင်နေပါတယ်။

Apatowက အကြမ်းဖက် ခြိမ်းခြောက်မှုဟာ လူ့အခွင့်အရေးကို ပိတ်ဆို့တာကို လက်မခံနိုင်ပါဘူး။ ကျွန်တော် အင်တာဗျူး   ရုပ်ရှင်ကို သွားကြည့်မှာပါလို့ Twitterမှာ ရေးသားခဲ့ပါတယ်။

ဒါပေမယ့်လည်း သူဟာ ရုပ်ရှင်ရုံမှာတော့ အင်တာဗျူးကို ကြည့်လို့မရပါဘူး။ Sonyက ရုပ်ရှင်ကို ပြသဖို့ အစီအစဉ်မရှိဘူးလို့ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *