News

Sony ၏ ကြီးကျယ်ခမ်းနားသော သင်္ကြန်အကြို အထူး ဈေးရောင်းပွဲတော်ကြီး ကျင်းပမည်

Alpha Communications မှ စီစဉ်၍ Mileage Communications မှ ကြီးမှူးကျင်းပသော SONY ၏ သင်္ကြန် အကြို အထူးပရိုမိုးရှင်း ပွဲတော်အားလာမည့် ဧပြီလ ၅ ရက်နေ့ (စနေနေ့) တွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိတော်၀င်စင်တာ၌ ကျင်းပမည်ဖြစ်သည်။

မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်တွင် စိတ်ချလုံခြုံ ပျော်ရွှင်စွာရေကစားနိုင်ရန်အတွက် SONY ၏ အဆင့်မြင့် နည်းပညာ ရေစိုခံစမတ်ဖုန်းများကိုအထူးစျေးနှုန်းများဖြင့် ရောင်းချပေးသွားမည် ဖြစ်ပြီး မော်ဒယ်လေးများ၏ Performance များ၊ ဂိမ်းအစီအစဉ်များ၊ ကံစမ်းမဲ အစီအစဉ်များနှင့် အခြားသော စိတ်၀င်စားဖွယ်ရာ တင်ဆက်မှုများ ပါ၀င်မည်ဖြစ်သည်။

Xperia Z1, Xperia Z, Xperia Z Ultra, Xperia ZR, Xperia C, Xperia L, Xperia M, Z1 Compact စမတ်ဖုန်းနှင့် T2 Ultra, SONY စမတ်နာရီများကိုပါ ရောင်းချပေးသွားမည် ဖြစ်သည်။ ထို့ပြင် ပွဲသို့လာရောက် သူများအား Product Expert ကျွမ်းကျင်သူများမှ SONY ထုတ်ကုန်များအကြောင်းရှင်းလင်းပြောပြပေးမည့် အပြင် Xperia ဖုန်းများ၀ယ်ယူ သူတိုင်းအတွက် တစ်နှစ် Warranty ရရှိမည်။

SONY သည် လာမည့် ကမ္ဘာ့ဖလား ဘောလုံးပွဲအတွက် တရား၀င်ပါတနာရရှိထားသူဖြစ်ပြီး SONY ထုတ်ကုန်များသည်လည်း ဒီဇိုင်းပုံစံပိုင်း၊ အရည်အသွေးပိုင်း၊ အသံထွက်ပိုင်းနှင့် ကင်မရာပိုင်း၊ ရုပ်ထွက်ပိုင်းများ အားလုံး ထိပ်တန်းကောင်းမွန် ကြသည်သာ ဖြစ်သည်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *