How-to

မလာစေချင်တဲ့ Phone Call များကို Android Phone ကနေ Block နည်းများ

Android Phone တွေမှာ Call Blocker Appတွေဟာ Built-In မပါရှိပါဘူး။ ဒါပေမယ့် သင် ဖုန်းလက်ခံ မပြောချင်တဲ့ ဖုန်းနံပါတ်က Phone Callတွေကို Block လုပ်နိုင်တဲ့ နည်းတွေ ရှိပါတယ်။

Call Blocker App တွေ Built-In ပါတဲ့ ဖုန်းများ
Google က Android Phoneတွေမှာ Call Blocker Appတွေ Built-In ထည့်သွင်းထားခြင်း မရှိပါဘူး။ ဒါပေမယ့် တစ်ချို့ Manufacturers တွေက အဲဒီ Feature ကို ထည့်သွင်း ပေးထားပါတယ်။ ဥပမာ အားဖြင့် Samsung Phones အချို့မှာ အဲဒီ Feature ပါရှိပါတယ်။

ဒီ Featureကို အသုံးပြုဖို့ Samsung Phoneက Call Appကို ဖွင့်ပါ။ Menuကို နှိပ်ပြီး Call Settings>Call Rejection>Auto Reject Listမှာ Block လုပ်နိုင်ပါတယ်။ Unknown Numbers တွေက ခေါ်ဆိုမှုတွေကို အလိုလို Reject လုပ်ဖို့ Unknown Option ကို အမှန်ခြစ် ပေးထားနိုင်ပါတယ်။

Silence Calls or Send Calls to Voicemail
Android Phone တွေမှာ မကိုင်ချင်တဲ့ ဖုန်းတွေကို Voicemailကို ပို့ခိုင်းလို့ရပါတယ်။ Silent Ringtone လုပ်ပြီးတော့လည်း ဖုန်းခေါ်ဆိုမှုတွေကို Block လုပ်ထားနိုင်ပါတယ်။ Voicemail ကို ပို့ခိုင်းဖို့အတွက် Contact App ကနေ Block ချင်တဲ့သူကို Select လုပ်ပြီး Menu ကိုနှိပ်ပါ။ All calls to voicemail  ကိုနှိပ်ပါ။ Silent Ringtone လုပ်ဖို့ Set ringtone ကိုနှိပ်ပြီး Noneကို ရွေးချယ်ပေးပါ။

Third-Party App များကို အသုံးပြုခြင်း
အပေါ်က Feature တွေ မပါတဲ့ ဖုန်းတွေ အနေနဲ့ Third-Party App တွေကို သုံးနိုင်ပါတယ်။ Mr. Number လို App မျိုးသုံးခြင်းဖြင့် Phone Call တွေကို အလွယ်တကူ Block လုပ်နိုင်ပါတယ်။ Third-Party Call Blocking App တွေဟာ တစ်ချို့ ဖုန်းတွေမှာတော့ ကောင်းကောင်း အလုပ် မလုပ်တာကို Review တွေကို ဖတ်ရင်တွေ့နိုင်ပါတယ်။ အဲဒီ Appက သင့်ဖုန်းမှာ ကောင်းကောင်း အလုပ်မလုပ်ရင် တစ်ခြား Call Blocker App တွေကို Play Store မှာ စမ်းသပ် အသုံးပြုနိုင်ပါတယ်။

Google Voice ကို အသုံးပြုပြီး Block ပါ
တကယ်လို့ သင်ဟာ USမှာ နေသူတစ်ယောက်ဆိုရင် Google Voiceကို အသုံးပြုခွင့်ရှိပါတယ်။ Google Voice က သင့် ဖုန်းနံပါတ်နဲ့ ချိတ်ဆက်ထားလို့ရပြီး မ၀င်စေချင်တဲ့ Phone Call တွေကို Block လုပ်ပေးနိုင်ပါတယ်။ Google Voice Accountကို Login ၀င်ပြီး  Historyကို နှိပ်ပါ။ Block လုပ်ချင်တဲ့ ဖုန်းနံပါတ်က more လင့်ကိုနှိပ်ပြီး Block Caller ကိုနှိပ်ပါ။

Phone Carrier ကို အကူအညီတောင်းပါ
Carrier တွေက Phone Call တွေကို Block လုပ်ပေးနိုင်ပေမယ့် အခကြေးငွေပေးရမှာပါ။ တစ်ချို့ Carrier တွေကတော့ ကူညီကောင်း ကူညီပါလိမ့်မယ်။ Carrier တစ်ခုနဲ့ တစ်ခု ကွာခြားနိုင်ပါတယ်။ သင့် Carrier ၀က်ဆိုက်မှာ လေ့လာပါ။ ဒါမှမဟုတ် ဖုန်းခေါ်ဆိုပြီး မေးကြည့်နိုင်ပါတယ်။ Phone Call တွေကို Block လုပ်ဖို့အကောင်းဆုံးကတော့  သင်ကိုယ်တိုင် ပြုလုပ်နိုင်တဲ့ နည်းတွေဖြစ်ပြီး Carrier တွေက သင့်ကို အခကြေးငွေ ကုန်ကျစေမှာပါ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

One thought on “မလာစေချင်တဲ့ Phone Call များကို Android Phone ကနေ Block နည်းများ

  1. Naing Soe says:

    ရှင်းပြပေးတာကျေဇူးပါပဲဒါပေမယ့်ဘယ်ဘာသာနဲ့ဘာသာပြန်ပြီးနားလည်ရမှာလဲ

Leave a Reply

Your email address will not be published. Required fields are marked *