Featured, News

မြောက်ကိုရီးယားနိုင်ငံပေါ်သို့ The Interview ရုပ်ရှင်အခွေများကို ကြဲချမည်

မြောက်ကိုရီးယားနိုင်ငံပေါ်သို့ The Interviewရုပ်ရှင်အခွေများကို ကြဲချမည်

တောင်ကိုရီးယား တက်ကြွလှုပ်ရှားသူတစ်ယောက်က အာဏာရှင် Kim Jong-unကို ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိုးကွယ်နေမှုကို တိုက်ဖျက်ဖို့အတွက် Sonyရဲ့ The Interviewရုပ်ရှင်အခွေများကို မြောက်ကိုရီးယားနိုင်ငံပေါ်သို့ မိုးပျံဘောလုံးများမှ တဆင့် ကြဲချမယ်လို့ ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။

ကင်ဂျုံအန်းကို လုပ်ကြံတဲ့ ဟာသရုပ်ရှင်ဟာ မြောက်ကိုရီးယားနဲ့ အမေရိကန်ကြားမှ ရန်ညှိုးကို ကြီးထွားစေခဲ့ပါတယ်။ အမေရိကန်က Sony Entertainment ကို ဆိုက်ဘာတိုက်ခိုက်မှုအတွက် မြောက်ကိုရီးယားကို ပြစ်တင်ခဲ့ပါတယ်။ မြောက်ကိုရီးယားက ငြင်းဆိုခဲ့ပြီး လက်တုန့်ပြန်မယ်လို့ ပြောခဲ့ပါတယ်။

တက်ကြွလှုပ်ရှားသူ Park Sang-hakက ဇန်နဝါရီလနှောင်းပိုင်းမှာ ရုပ်ရှင်အခွေ တစ်သိန်းနဲ့ ရုပ်ရှင်ထည့်သွင်းထားတဲ့ USB စတစ်တွေကို မြောက်ကိုရီးယားနိုင်ငံပေါ်ကို မိုးပျံဘောလုံးနဲ့ ကြဲချမယ်လို့ ပြောပါတယ်။ မြောက်ကိုရီယား ဘက်တော်သား ဘ၀ကနေ အသွင်ပြောင်းလဲခဲ့တဲ့ Parkက ကိုရီးယားစာတန်းထိုး The Interview ရုပ်ရှင် အခွေများနဲ့ USB Memory Stickများကို ပြုလုပ်ရာမှာ ငွေကြေးထောက်ပံ့တဲ့ အမေရိကန် အခြေစိုက် အကျိုးအမြတ်မယူတဲ့ Human Rights Foundationနဲ့ ပူးပေါင်းနေတယ်လို့ ပြောပါတယ်။

ဖောင်ဒေးရှင်းရဲ့ အရာရှိတွေက ဇန်နဝါရီလ ၂၀မှာ တောင်ကိုရီးယားသို့ လာလည်ပြီး ရုပ်ရှင်အခွေနဲ့ USBစတစ်များကို ပေးအပ်ဖို့ စီစဉ်နေတယ်လို့ Parkက ပြောပါတယ်။ အဲဒီနောက်မှာ သူတို့တွေဟာ ရာသီဥတု အခြေအနေကောင်းတာနဲ့ ဘောလုံးတွေကို လွှတ်တင်မှာ ဖြစ်ပါတယ်။

ကင်ဂျုံအန်ကို ပုဂ္ဂိုလ်ရေး ကိုးကွယ်နေတာတွေကို ရပ်တန့်နိုင်ရင် မြောက်ကိုရီးယားရဲ့ အာဏာရှင်ကလည်း ကျဆုံးမယ်လို့ Parkက တယ်လီဖုန်းနဲ့ ပြောပြပါတယ်။

ဒီလိုသာလုပ်နိုင်ခဲ့ရင် ရုပ်ရှင်နဲ့ ပတ်သက်ပြီး ဒေါသထွက်မှုကို ဖော်ပြခဲ့တဲ့ မြောက်ကိုရီးယားကို ဒေါသထွက်စေမှာပါ။ အောက်တိုဘာလမှာ မြောက်ကိုရီးယားက တောင်ကိုရီးယား တက်ကြွလှုပ်ရှားသူများက နယ်စပ်ကနေ လွှတ်တင်လိုက်တဲ့ ပြုံယမ်းကို ဆန့်ကျင်တဲ့ စာရွက်စာတမ်းတွေကို သယ်ဆောင်လာတဲ့ ဧရာမဘောလုံးကို လက်နက်နဲ့ ပစ်ချခဲ့ပါတယ်။ တုန့်ပြန်တဲ့အနေနဲ့ တောင်ကိုရီးယား စစ်တပ်ကို လက်နက်နဲ့ ပစ်ခတ်ခဲ့ပါသေးတယ်။

အခု အစီအစဉ်ဟာ ဘယ်လောက်ထိရောက်မလဲဆိုတာ မသိသေးပါဘူး။ မြောက်ကိုရီးယားနိုင်ငံသား အနည်းငယ်မှာသာ ကွန်ပျူ တာနဲ့ DVD Playerတွေ ရှိလို့ပဲဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံသာ တော်တော်များများကလည်း ရုပ်ရှင်ခိုးကြည့်တာကို မိသွားရင် အပြစ်ကြီးမယ်ဆိုတာသိလို့ စွန့်စားကြည့်ရှုမှာ မဟုတ်ပါဘူး။ မြောက်ကိုရီးယားမှာ ကွန်ပျူ တာ တစ်လုံးပိုင်ဆိုင်ဖို့ အစိုးရထံကနေ ခွင့်ပြုချက်တောင်းရပါတယ်။ နောက်ပြီး သာမာန်အလုပ်သမားတစ်ယောက်အတွက် သုံးလစာနဲ့မှသာ ကွန်ပျူ တာတစ်လုံး ၀ယ်နိုင်မယ်လို့ တောင်ကိုရီးယား ခွဲခြမ်းစိတ်ဖြာသူများက ပြောပါတယ်။

အလယ်လမ်းလိုက်တဲ့ နိုင်ငံရေး ဝါဒရှင်များနဲ့ တောင်ကိုရီးယား နယ်စပ်နေသူများကတော့ မြောက်ကိုရီးယားထဲ ဘောလုံးတွေ လွှတ်တင်မှာကို မလိုလားကြဘဲ ကန့်ကွက်နေကြပါတယ်။ မြောက်ကိုရီးယားက တောင်ကိုရီးယား တက်ကြွလှုပ်ရှားသူတွေကို ရပ်တန်းကရပ်ဖို့ ဟိုးအရင်ကတည်းက ပြောကြားထားတာဖြစ်ပေမယ့် ဆိုးလ်ကတော့ လွတ်လပ်စွာ ပြောဆိုနိုင်တဲ့ အခွင့်အရေးဆိုပြီး ငြင်းဆန်ထားပါတယ်။

Parkကတော့ ဘောလုံးလွှတ်မယ့် အစီအစဉ်ကို တိတ်ဆိတ်စွာ ပြုလုပ်နိုင်မှာ ဖြစ်ပြီး လေကြောင်းသင့်တဲ့ မတ်လလောက်မှာ ပိုမိုကောင်းမယ်လို့ ပြောပါတယ်။

The Human Rights Foundationက ၂၀၁၅မှာ မြောက်ကိုရီးယားနိုင်ငံပေါ်သို့ အင်တာဗျူး ရုပ်ရှင် အချပ် တစ်သိန်းကို ကြဲချဖို့ လွှဲအပ်ခံထားရတယ်လို့ ပြောကြောင်း Gawkerကို ပေးပို့တဲ့ အဆိုပြုချက်အရ သိရပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *