Mobile

sony Xperia L

Sony-Xperia-L

အဆင့်မြင့် နည်းပညာသုံး စမတ်ဖုန်းတွေကို ထုတ်လုပ်တဲ့ Sony ကုမ္ပဏီဟာ ကင်မရာ အရည်အသွေးပိုင်းကို ဦးစားပေးထားတဲ့ Xperia L စမတ်ဖုန်းကို အသစ် ထုတ်လုပ်လိုက်ပါတယ်။ Sony Xperia L စမတ်ဖုန်းဟာ ကင်မရာပိုင်းမှာ ကောင်းမွန်ရုံတင်မကပဲ ဖုန်းအတွင်းပိုင်း လုပ်ဆောင်ချက်တွေကိုလည်း Performance ကောင်းကောင်းဖြင့် စွမ်းဆောင်ပေးနိုင်တဲ့ စမတ်ဖုန်း အမျိုးအစားပါ။ Sonyရဲ့ ကင်မရာ အင်ဂျင်နီယာတွေ ကိုယ်တိုင် ဖန်းတီး တီထွင်ထားတဲ့ Xperia L စမတ်ဖုန်းကို Android မိုဘိုင်းလ် ဒီဇိုင်းဖြင့် ပေါင်းစပ်ထုတ်လုပ်ထားတဲ့ ကင်မရာဖုန်း အမျိုးအစားပဲ ဖြစ်ပါတယ်။ ၂၀၁၃ခုနှစ်၊ မတ်လမှာ Sonyက မိုဘိုင်းလ်ဖုန်း သုံးစွဲသူများ ထံသို့ Xperia L စမတ်ဖုန်းကို အသိပေး ကြေညာခဲ့ပြီး ဈေးကွက်ထဲကိုတော့ ၂၀၁၃ခုနှစ် အလယ်ပိုင်းလောက်မှာ ဖြန့်ချိပေးမယ်လို့ ဖော်ပြထားပါတယ်။ Xperia Lရဲ့တန်ဖိုးကို ယူရိုငွေ ၂၇၉ သတ်မှတ်ပေးထားတာ တွေ့ရပါတယ်။ အရောင်ကိုတော့ အနက်ရောင်၊ အဖြူရောင်၊ အနီရောင်ဆိုပြီး သုံးမျိုး ထုတ်လုပ်ပေးထားပါတယ်။

Camera
Professional ကင်မရာတစ်လုံးလို အသုံးပြုနိုင်တဲ့ ကင်မရာရဲ့ ရုပ်ထွက် အရည်အသွေးက 8 Megapixel ရှိပါတယ်။ အနီးအေ၀း မြင်ကွင်းတွေကို ဖမ်းယူပေးမယ့် Digital Zoom ပမာဏက 4x ရှိပြီး Auto Focus စနစ် ပါ၀င်ပါတယ်။ Sony ကင်မရာတွေမှာ တပ်ဆင်ထားတဲ့ Exmor RS Image Sensor နည်းပညာကို Xperia Lမှာ ထည့်သွင်း အသုံးပြုထားတဲ့ အတွက်ကြောင့် ထင်ရှားပြတ်သားတဲ့ ပုံရိပ်တွေကို ရိုက်ကူးနိုင်ပါတယ်။ ဓာတ်ပုံနှင့် ဗီဒီယိုတွေရဲ့ နောက်ခံ အလင်းရောင်တွေကို သဘာ၀အတိုင်း လင်းလက် တောက်ပနေအောင် ဖန်တီးပေးမယ့် HDR (High Dynamic Range) နည်းပညာက ထောက်ပံ့ လုပ်ဆောင်ပေးပါလိမ့်မယ်။ အလွယ်တကူ ဓာတ်ပုံ ရိုက်ကူးနိုင်အောင်လို့လည်း ဖုန်းကိုယ်ထည် ဘေးနားလေးမှာ Camera Keyကို တပ်ဆင်ပေးထားပါတယ်။ HD 720p အရည်အသွေး ရရှိတဲ့အတွက်ကြောင့် ဗီဒီယိုတွေကို ရုပ်သံအရည်အသွေး ကောင်းမွန်စွာ မှတ်တမ်းတင် ရိုက်ကူးထားနိုင်ပါတယ်။ အင်တာနက်မှတစ်ဆင့် Video Calling ပြုလုပ်နိုင်ရန်အတွက် Front Facing Cameraလည်း ပါ၀င်ပါသေးတယ်။ ကင်မရာကို အကောင်းဆုံး စွမ်းဆောင်ပေးမယ့် Featuresတွေကတော့ (Geo-Tagging, Touch Focus, Face and Smile Detection, Image Stabilization, Sweep Panorama) အစရှိတဲ့ စနစ်တွေ စုံလင်စွာ ပါရှိပါတယ်။

Display & Design
Xperia Lရဲ့ မျက်နှာပြင် အရွယ်အစားဟာ ၄.၃လက်မ ရှိတဲ့အတွက် အရွယ်အစား အရမ်းကြီးမနေသလို အရမ်းလည်း မသေးငယ်တဲ့ အနေအထားမှာ ရှိပါတယ်။ ဒီဇိုင်းပုံစံ သေသပ်ကျနမှု ပေါ့ပါးပါးလွှာတဲ့ ကိုယ်ထည်ဖြင့် ဖန်တီးထားမှုတွေဟာ တခြား စမတ်ဖုန်းတွေနှင့်မတူ ထူးခြားနေအောင် Sonyမှ ဆန်းသစ်တဲ့ ဒီဇိုင်းဖြင့် ထုတ်လုပ် ထားတာပါ။ ဖုန်းကိုယ်ထည် အလယ်ပိုင်းနားလောက်မှာ အလူမီနီယံဖြင့် ပြုလုပ်ထားတဲ့ ပါဝါခလုတ် ပါ၀င်ပြီး ဖုန်းမျက်နှာပြင် အောက်ဘက်မှာတော့ Notification Lightကို တပ်ဆင်ပေးထားတဲ့အတွက် ဖုန်းနှင့် Messageတွေ ၀င်ရောက်လာရင်တော့ LED မီး အလင်းတန်းလေးနဲ့ အချက်ပြပေးပါလိမ့်မယ်။ Scratch Resistant Glassကို မျက်နှာပြင်မှာ ထည့်သွင်းပေးထားတဲ့အတွက် ထိခိုက်ပွန်းပဲ့တဲ့ ဒဏ်ကို ကောင်းမွန်စွာ ကာကွယ်ပေးနိုင်ပါတယ်။ TFT Capacitive TouchScreenကို အသုံးပြုထားပြီး Multi Touch စနစ်ကို လက်ချောင်း လေးချောင်းနှင့်အထက် အသုံးပြုနိုင်ပါတယ်။

Hardware & OS
Xperia Lရဲ့ ဖုန်းအတွင်းပိုင်း လုပ်ဆောင်ချက်တွေကို တိကျ မြန်ဆန်စေဖို့အတွက် Dual Core 1 GHz Processorက တာ၀န်ယူ လုပ်ဆောင်ပေးပါလိမ့်မယ်။ Chipsetကတော့ Qualcomm MSM8230 Snapdragonကို အသုံးပြုထားပြီး RAMကတော့ 1GB ရှိပါတယ်။ ဖန်သားပြင်ပေါ်က ပုံရိပ်တွေကို အကောင်းဆုံး ပုံဖော်ပေးမယ့် Adreno 305 GPUကို တပ်ဆင်ပေးထားပါတယ်။ Android OS v4.1 (Jelly Bean)ကို ထည့်သွင်း ထားပါတယ်။ Memoryပိုင်းကို ကြည့်မယ်ဆိုရင်တော့ အချက်အလက် သိမ်းဆည်းပေးဖို့အတွက် 8GB Internal Storage ပါရှိသော်လည်း တကယ်တမ်း Userတွေ အသုံးပြုနိုင်တဲ့ ပမာဏကတော့ 5.8GBပဲ အသုံးပြုနိုင်ပါလိမ့်မယ်။ MicroSD Cardကို 32GBအထိ ထပ်မံတိုးချဲ့ အသုံးပြုနိုင်ပါသေးတယ်။

Connectivity
GSM ကွန်ယက်စနစ်သုံး စမတ်ဖုန်း အမျိုးအစားဖြစ်ပြီး 2G Networkနှင့် 3G Network နှစ်မျိုးစလုံး ထောက်ပံ့ ပေးထားပါတယ်။ 2G Networkမှာ ဆိုရင်တော့ (GSM 850/ 900/ 1800/ 1900)နှင့် 3G Networkမှာ (HSDPA 900/ 2100, HSDPA 850/ 1700/ 1900/ 2100) အစရှိတဲ့ ကွန်ယက်တွေကို အသုံးပြုနိုင်ပါတယ်။ GPRS စနစ်ကို 85.6kbpsနှင့် EDGE စနစ်ကို 237kbpsအထိ ရရှိနိုင်ပါတယ်။ Bluetooth v4.0 with A2DP, NFC, Micro USB v2.0 အစရှိတဲ့ နောက်ဆုံးပေါ် စနစ်တွေလည်း ပါ၀င်ပါသေးတယ်။ ကြိုးမဲ့အင်တာနက် ချိတ်ဆက်ရန် Wi-Fi 802.11 a/b/g/n, Dual-Band, Wi-Fi Direct, DLNA, Wi-Fi Hotspot အစရှိတဲ့ ကြိုးမဲ့ ချိတ်ဆက်မှုတွေကို အသုံးပြုနိုင်ပါတယ်။

Body & Battery
Xperia Lရဲ့ အရွယ်အစားကတော့ 128.7x65x9.7 mm ရှိပြီးတော့ အလေးချိန် 137gသာရှိတဲ့အတွက် ပေါ့ပေါ့ပါးပါးနဲ့ လက်ထဲမှာ အလွယ်တကူ ကိုင်ဆောင် သွားနိုင်ပါလိမ့်မယ်။ ဘက်ထရီ စွမ်းအားက Li-Ion 1750 mAh အမျိုးအစားဖြစ်ပြီး အသင့်အနေအထားမှာ နာရီပေါင်း ၄၉၈နာရီ၊ ဖုန်း ပြောဆိုချိန်မှာ ရှစ်နာရီခွဲ၊ သီချင်း နားထောင်နေချိန်မှာ ၄၃နာရီ၊ ဗီဒီယို ကြည့်ရှုချိန်ကတော့ ခုနှစ်နာရီခွဲအထိ ဘက်ထရီ ခံနိုင်ရည်အား ကောင်းမွန်မှုကို ရရှိမှာပါ။

Entertainment
Sony Media Applicationsတွေကို Xperia Lမှာ စုံလင်စွာ ထည့်သွင်းပေးထားပြီး Play Station Mobile, Walkman Application, 3D Games, Motion Gaming, Sony Entertainment Network အစရှိတဲ့ ဖျော်ဖြေရေး Applications ကောင်းများစွာ ပါ၀င်တဲ့အတွက် Sony Xperia L စမတ်ဖုန်းဟာ သင့်က စိတ်ကြည်နူး ပျော်ရွင်မှုတွေကို ပေးစွမ်းနိုင်မှာ အမှန်ပါပဲ။

author-avatar

About Myo Zin

အမည်ရင်းမှာ မျိုးဇင်ကိုဖြစ်ပြီး Myanmar ICTတွင် နည်းပညာသတင်းများ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းစသည့် IT ပစ္စည်းများအကြောင်း ရေးသားလျက်ရှိပါသည်။

Related Posts

One thought on “sony Xperia L

  1. may thu kyaw says:

    Sony ဖုန်းလေးလိုချင်လိုက်တာ…………

Leave a Reply

Your email address will not be published. Required fields are marked *