Gadgets

Logitech X-140 2.0

Logitech-X-140-2.0

Speaker တစ်လုံးရဲ့ တန်ကြေးက ၃၁.၂၅ ဒေါ်လာ ဆိုတော့ များလှချည်လားဆိုပြီး မတွေးလိုက်ပါနဲ့ဦး။ သူရဲ့ စွမ်းဆောင်ရည်တွေကို ဆုံးအောင်ဖတ်ပြီးမှ ၀ယ်မယ်၊ မ၀ယ်ဘူး ဆုံးဖြတ်လိုက်ပါဗျာ။ Speakerရဲ့ အရွယ်အစားက သေးငယ်ပေမယ့် PCသုံး Speaker တစ်လုံးနဲ့ မလိုက်အောင် 5 Watts ပါဝါသုံးပြီး အကောင်းဆုံး အသံတွေကို ထုတ်ပေးပါ လိမ့်မယ်။ Wire အခြေခံ စနစ်ဖြစ်တာမို့ Wirelessတွေလိုမျိုး Noiseတွေ၊ Delayတွေ မဖြစ်ပေါ်နိုင်ပါဘူး။ Inputအနေနဲ့ PCတွေမှာ အပြင် MP3၊ CD Playerတွေနဲ့ပါ ချိတ်ဆက် သုံးစွဲနိုင် ပါလိမ့်မယ်။ Controlတွေကိုလည်း Remoteက တစ်ဆင့် လုပ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။ Speaker နှစ်လုံးထိုင် စနစ်ဖြစ်ပြီး Bass အသံတွေကိုပါ အတည်ငြိမ်ဆုံး ထုတ်ပေးနိုင်ပါတယ်။

အရောင်ကိုတော့ အနက်ရောင် တစ်ရောင်တည်းဖြစ်လို့ ရွေးချယ်လို့ မရပါဘူး။ အရွယ်အစားမှာတော့ မျက်နှာပြင်က ၃.၉ × ၉.၅ လက်မရှိမှာဖြစ်ပြီး ထုထည်ကတော့ ၄.၉ လက်မ ရှိပါလိမ့်မယ်။ အလေးချိန်က ၄.၃ ပေါင်ပဲရှိမှာ ဖြစ်လို့ အနေတော် လို့ပဲ ပြောပါရစေ။ အာမခံ အပိုင်းမှာတော့ နှစ်နှစ် အာမခံ ပေးထားလို့ စိတ်ချလက်ချ သုံးစွဲနိုင်ပါလိမ့်မယ်။
၀ယ်ယူသုံးစွဲသူများရဲ့ မှတ်ချက်တွေအရတော့ အကောင်းဆုံး အဆင့် မဟုတ်ပေမယ့် အရည်အသွေးကောင်းတဲ့ ပစ္စည်းအဖြစ် သတ်မှတ်ခံထားရပါတယ်။ ဈေးကွက် ၀ယ်လိုအားမှာတော့ ၂၀၁၂ခုနှစ်ရဲ့ အရောင်းရဆုံး ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်း ဇယားမှာ နံပါတ် ၁၂နေရာတောင် ရယူထားနိုင်တာမို့ အထူးတလည် ညွှန်းနေစရာ မလိုတော့ပါဘူး။

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *