News

2013 ASEAN Business Award အတွက် အမည်စာရင်းများ လျှောက်ထားနိုင်ကြောင်းသိရ

Travel-Tours

2013 ASEAN Business Awardအတွက် အမည်စာရင်းများ လျှောက်ထားနိုင်ကြောင်းကို မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်းမှ ခရီးသွားလုပ်ငန်း သတင်းလွှာအရ သိရှိရသည်။၂၀၁၃ခုနှစ် စီးပွားရေး လုပ်ငန်း ထူးချွန်ဆုနှင့် အောင်မြင်ဆုံး လုပ်ငန်းကုမ္ပဏီများအား ASEAN Business Awardကို ASEAN Business Advisory Council၏ ညှိနှိုင်းဆုံးဖြတ်ချက်အရ ဆုချီးမြှင့်ပေးသွားမည်ဟု သိရသည်။

၂၃-၈-၂၀၁၃ရက်နေ့ ဘရူနှိုင်း ဒါရုဆလင်နိုင်ငံ ဘန်ဒါဆရီဘီဂါဝန်မြို့တွင် ကျင်းပပြုလုပ်မည့် ASEAN Business and Invertment Summit (ASEAN BIS) အစည်းအဝေးတွင် ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။ ASEAN Business Award (ABA)ကို Moving Ahead Together ဆောင်ပုဒ်နှင့် အညီ Categories ၅မျိုးဖြင့် စိစစ် ရွေးချယ်သွားမည်ဟု သိရသည်။

Categoriesများအနေဖြင့် (Growth, Employment, Innovation, Corporate Social Responsibility, Young Enterpreneurs and Women)များဖြစ်ကြောင်းနှင့် www.asean-bac.org/ www.asean-bis.com တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ ၂၄-၄-၂၀၁၃ရက်နေ့ နောက်ဆုံးထား၍ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းသို့ ပေးပို့လျှောက်ထားနိုင်ကြောင်း သတင်းပါးအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *