News

အမေရိကန်အချို့ လုပ်ငန်းခွင်ထဲမှာ Facebookသုံးခွင့် မရ

မြန်မာပြည်မှာသာ Facebookကို သူ့ထက်ငါ အလုအယက် သဲကြီးမဲကြီး သုံးနေကြပေမယ့် ကမ္ဘာ့အတိုးတက်ဆုံး နိုင်ငံဖြစ်တဲ့ အမေရိကန်မှာ ရုံးထိုင်အလုပ်လုပ် နေကြတဲ့ Officerတွေရဲ့ ၂၀ရာခိုင်နှုန်းဟာ Facebookတောင် မသုံးနိုင်ကြဘူးလို့ သိရပါတယ်။ ၂၀ရာနှုန်းဆိုတော့ အမေရိကန် ငါးယောက်မှာ တစ်ယောက်က အလုပ်လုပ်နေတဲ့ အချိန် Facebookသုံးဖို့ အခွင့်မရကြပါဘူး။ ဒါဟာ ၎င်းတို့ရဲ့ ကွန်ပျူတာတွေကို Facebookမသုံးနိုင်အောင် Blockလုပ်ထားလို့ ဖြစ်ပြီး အချိန်ပြည့်အလုပ်ပဲ ဖြစ်ဖြစ်၊ အချိန်ပိုင်း အလုပ်ပဲ ဖြစ်ဖြစ် အချို့ အလုပ်ရှင်တွေဟာ ၎င်းတို့ရဲ့ ရုံးမှာ Officerတွေ Websiteသုံးစွဲမှုကို ကန့်သတ်ထားတယ်လို့ သိရပါတယ်။

လေ့လာမှုပြုထားတဲ့ မူလGraphကိုလည်း တင်ဆက်ပေးလိုက် ပါတယ်။ ဒီစာရင်းကို ကြည့်ရင် Facebook၀က်ဘ်ဆိုဒ်ဟာ Blockလုပ်ခံရမှု အများဆုံး ဖြစ်ပြီး Twitterကတော့ 15.1ရာခိုင်နှုန်းနဲ့ ဒုတိယလိုက်နေတာကို တွေ့ရမှာပါ။ YouTubeအပါအ၀င် အခြားသော ဆိုရှယ်မီဒီယာတွေကိုလည်း အချို့လုပ်ငန်းရှင်တွေက ပိတ်ပင်ထားကြပြီး Officerတွေ အနေနဲ့ ၎င်းတို့ရဲ့ အလုပ်ခွင်ထဲမှာ အဆိုပါ Websiteတွေကို အသုံးပြုခွင့် မရကြပါဘူး။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

4 thoughts on “အမေရိကန်အချို့ လုပ်ငန်းခွင်ထဲမှာ Facebookသုံးခွင့် မရ

  1. even in Malaysia, i can’t use Facebook at my work :/

  2. Good Restriction! If they are using facebook, they gonna check the feeds update again and again. Then, the work couldn’t be done! Agree wit this! (y)

  3. M Clo Lay says:

    ရတယ်လေ Twitter ပေါ့ ဟဲဟဲ

Leave a Reply

Your email address will not be published. Required fields are marked *