News

ဘီလျံနာဂျော့ဆိုးရော့စ် သုံးကြိမ်မြောက်လက်ထပ်

ယခင်က နှစ်ကြိမ်လက်ထပ်ခဲ့ဖူးသော ဘီလျံနာသူဌေး ဂျော့ဆိုးရော့စ် (၈၃)နှစ်သည် စက်တင်ဘာ ၂၁ရက်တွင် တတိယမြောက် လက်ထပ်မင်္ဂလာ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။ သူ၏ တတိယဇနီးမှာ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပညာရေး အတိုင်ပင်ခံ တာမီကိုဘော်လ်တန် (၄၂)နှစ် ဖြစ်သည်။

ဆိုးရော့စ်သည် မင်္ဂလာအထိမ်းအမှတ် အခမ်းအနားကို နယူးယောက်မြို့ ဘတ်ဒ်ဖို့ဒ်ရှိသူ၏ အိမ်တော်တွင် သုံးရက်တိုင်တိုင် ကျင်းပခဲ့သည်ဟု ဆိုသည်။ သူ၏မင်္ဂလာ ဧည့်ခံပွဲ အခမ်းအနားသို့ လူပေါင်း ၅၀၀ တက်ရောက်ခဲ့ပြီး တက်ရောက်သူများထဲတွင် အောက်လွှတ်တော်ဥက္ကဌ နန်စီပယ်လိုစီနှင့် ကမ္ဘာ့ဘဏ်ဥက္ကဌဂျင်ယွန်းကင်တို့ ပါ၀င်ခဲ့ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချူပ်ဟောင်း ကိုဖီအာနန်က အမှာစကားပြောကြားပေးခဲ့သည်ဟု သိရသည်။

ဂျော့ဆိုးရော့စ်သည် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ၁၉၆၂ခုနှစ်မှစ၍ ကြွယ်၀လာသူဖြစ်သည်။ ယခုနှစ် အစောပိုင်းတွင် Forbes မဂ္ဂဇင်း၏ ထုတ်ပြန်ချက်အရ ဆိုးရော့စ်သည် အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ ချမ်းသာသူဖြစ်သည်။ ဇနီးများနှင့် နှစ်ကြိမ်တိုင်တိုင် ကွာရှင်းခဲ့သူဖြစ်ပြီး သူနှင့်အတူ တွဲခဲ့သည့် အမျိုးသမီးတစ်ဦးကလည်း အမေရိကန်ဒေါ်လာ သန်း ၅၀ လျော်ကြေးရလိုကြောင်း တရားစွဲခဲ့သေးသည်ဟု ဆိုသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *