News

Snow Leopard အမှတ်တံဆိပ်နှင့် ပတ်သက်၍ တရုတ်ကုမ္ပဏီ တစ်ခုမှ Apple အားတရားစွဲ

Apple အနေဖြင့် ယခုကာလများဟာ တရုတ်နိုင်ငံတွင်း ပြဿနာများ တသီတတန်း ပေါ်ပေါက်နေသောကာလ လို့ဆိုနိုင်ပါတယ်။ တရုတ်နိုင်ငံအခြေစိုက် နည်းပညာ website တစ်ခုဖြစ်သော MIC Gadget ၏ အဆိုအရ Jiangsu Xuebao အမည်ရ တရုတ် ဓါတုဗေဒ ကုမ္ပဏီတစ်ခုမှ Apple အား Shanghai တွင် Snow Leopard အမှတ်တံဆိပ်နှင့် ပတ်သက်၍ တရားစွဲဆိုခဲ့ကြောင်း သိရပါတယ်။

သတင်းများအရ အဆိုပါကုမ္ပဏီမှာ Snow Leopard ဟူသော အမည်ကို မပိုင်ဆိုင်သော်လည်း ၂၀၀၀ ခုနှစ်အတွင်း Snow Leopard ဟု အဓိပ္ပါယ်ရသည့် Xuebao ကို မှတ်ပုံတင်ခဲ့ကြောင်း သိရပါတယ်။ Apple ဟာ ၂၀၀၉ ခုနှစ်တွင် Mac OS X ၏ version တစ်ခုဖြစ်သော Snow Leopard ကို ထုတ်လုပ်ခဲ့ပြီး နောက်ပိုင်းတွင် Lion နှင့် အစားထိုးခဲ့ပါတယ်။ ယခုလတွင်တော့ Apple မှ Mountain Lion OS X ကို ထုတ်လုပ်တော့မည် ဖြစ်ကြောင်း ကြော်ငြာခဲ့ပါတယ်။

Apple အနေနဲ့ကလည်း တရုတ်နိုင်ငံအတွင်း မကြာမီကာလတွင်မှ Proview နှင့် ပတ်သက်သော ပြဿနာအတွက် ဒေါ်လာ သန်း ၆၀ ကျော် အကုန်ကျခံခဲ့ရကြောင်း သိရပါတယ်။ သို့အတွက် Jiangsu အနေဖြင့်လည်း ထိုကဲ့သို့ ရရှိသွားနိုင်ရန် မျှော်လင့်ခြင်း ဖြစ်နိုင်ကြောင်း သတင်းဌာနများမှ ဆိုထားပါတယ်။ MIC Gadget ၏ အဆိုအရ Jiangsu Xuebao မှာ Apple ထံမှ တရားဝင်တောင်းပန်စာနှင့် လျော်ကြေးငွေ ၈ သောင်းကျော်သာ အလိုရှိကြောင်း သိရပါတယ်။ နောက်ဆုံး သတင်းများအရ ယခုအမှုအား July ၁၀ ရက်နေ့တွင် Shanghai တရားရုံး၌ ကြားနာမည်ဖြစ်ကြောင်း သိရပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *