Mobile, Review

NEXUS 7

အလွန်တရာပါးလွှာပြီး သယ်ယူရလွယ်ကူခြင်း
၇ လက်မအရွယ်ရှိတဲ့ Nexus 7 က အရွယ်အစားအားဖြင့် သိပ်ကြီးလှတယ်လို့ မဆိုနိုင်ပေမယ့် အလေးချိန်က ၃၄၀ ဂရမ်သာရှိတဲ့အတွက် ပေါ့ပါးတဲ့ Tablet တစ်ခုလို့ သတ်မှတ်လို့ရပါတယ်။

ရင်သပ်ရှုမောဖွယ် မျက်နှာပြင်
Nexus 7 ရဲ့ မျက်နှာပြင်က ဖျော်ဖြေမှု ရသအစုံကို ကြည့်ရှုခံစားသွားနိုင်အောင် စီမံပေးထားပါတယ်။ Resolution အနေနဲ့ 1280 x 800 ရှိပြီး ထူးခြားတာကတော့ မှန်သားပြင်ဟာ အစင်းရာ၊ ပွန်းပဲ့ရာများ ဒဏ်မှ ခံနိုင်ရည်ရှိအောင် ပြုလုပ်ထားခြင်းဆိုတာပါပဲ။ ထို့ပြင် မျက်နှာပြင်ရဲ့ pixel ဖော်ဆောင်နိုင်မှုက 1 million ရှိပြီး HD အရည်အသွေးလည်းရရှိနေပါလိမ့်မယ်။

လုံလောက်တဲ့ စွမ်းအင်
Nexus 7 ရဲ့ စွမ်းအင် သုံးစွဲမှု ပမာဏကတော့ အံ့မခန်းပါပဲ။ အကြောင်းကတော့ ၉ နာရီကြာ HD video များကြည့်ရှုနိုင်သလို ၁၀ နာရီကြာ Browsing ပြုလုပ်ခြင်း (သို့) စာအုပ်ဖတ်ရှုခြင်းတို့အပြင် နာရီ ၃၀၀ ကြာ Stand by mode နဲ့ထားရှိနိုင်တယ်လို့ သိရပါတယ်။

ဂိမ်းလည်း ကစားနိုင်လိမ့်မယ်
Google က Nexus 7 ကို ထုတ်လုပ်တဲ့အချိန်မှာ Tablet တစ်လုံးနဲ့ ဂိမ်းကစားဖို့ဆိုတဲ့ ရည်ရွယ်ချက်ကိုလည်း မေ့မထားပါဘူး။ Processor နေရာမှာ quad-core tegra processor ကိုအသုံးပြုထားတာဟာ လွန်စွာလျှင်မြန်တယ်လို့ ဆိုနိုင်ပြီး Graphic နေရာမှာလည်း 12-core GPU တွေကို CPU တွေနဲ့ ချိတ်ဆက်အသုံးပြုထားတဲ့ အတွက် Nexus 7 အတွင်း ဂိမ်းကစားကစား၊ စာအုပ်ပဲဖတ်ဖတ် အရာအားလုံးက အဆင်ပြေ ချောမွေ့နေမှာဖြစ်ပါတယ်။

နောက်ဆုံးပေါ် mobile OS အသုံးပြုထားတယ်
Nexus 7 အတွင်းမှာ အသုံးပြုထားတဲ့ OS ကတော့ လက်ရှိ Google ကနေ နောက်ဆုံးထုတ်လုပ်ထားတဲ့ Android 4.1 (Jelly Bean) ဖြစ်ပါတယ်။ Jelly Bean အတွင်း မှာ ပိုမိုကောင်းမွန်တဲ့ notification system တွေ၊ home screen customization တွေ၊ drag-and-drop စနစ်အသစ်တွေ ပါဝင်လာတဲ့အတွက် အသုံးပြုသူတွေ စိတ်ကျေနပ်စရာဖြစ်ပါတယ်။

Google ရဲ့ အကောင်းဆုံး
Nexus 7 ကတော့ Google ကနေ အကောင်းဆုံး အားထုတ်ထားတဲ့ Tablet တစ်လုံးလို့ဆိုရမှာပါ။ Nexus 7 အတွင်းမှာ Google ရဲ့ ပေါင်းထည့်မှုတွေအဖြစ် Gmail၊ Chrome၊ Google + နှင့် YouTube တို့လို apps တွေပါဝင်ပြီး ၄င်းတု့ိကလည်း ကွန်ပျူတာမှ ဖုန်း၊ Tablet အစရှိတာတွေကို အလိုအလျောက် sync ပြုလုပ်သွားပါလိမ့် မယ်။

အကောင်းဆုံး Browser ပါဝင်မှု
Google Chrome ရဲ့ နောက်ဆုံး version ကို Nexus 7 အတွင်း built-in ထည့်သွင်းပေးထားတဲ့အတွက် website များကြည့်ရှုတဲ့အချိန်မှာ လွန်စွာမြန်ဆန်နေပါလိမ့် မယ်။

Google + Hangouts များလည်း ပြုလုပ်နိုင်မယ်
Nexus 7 ကနေ video chat တွေပြုလုပ်မယ်ဆိုရင်လည်း အရှေ့မျက်နှာပြင်မှာ ပါဝင်တဲ့ 1.2 MP camera က အကောင်းဆုံးဖြစ်နေပါလိမ့်မယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *