News

Microsoft က Surface Tablet အသစ်ထုတ်ဖို့ ပြင်ဆင်နေပြီ

Mircosoft အနေနဲ့ “Killer App For Windows”လို့ တင်စားနိုင်မယ့် Outlook App ပါ၀င်လာတဲ့ Surface RT Tablet ဒုတိယမြောက် မျိုးဆက်သစ်ကို ထုတ်လုပ်ဖို့ ပြင်ဆင်နေပြီဆိုတာ သိပ်တော့အံ့အားသင့်စရာ မဟုတ်ပါဘူးလို့ Nvidia ရဲ့ CEO Jen-Hsun Huang က CNET ကိုပြောကြားလိုက်ပါပြီ။

Microsoft ရဲ့လူကြီးတွေကလည်း ကုမ္ပဏီအနေနဲ့ ARM Processor ပေါ်မှာ Windows 8 Runမယ့် Surface RT Tablet အသစ်ထုတ်လုပ်မယ် ဆိုတာကိုလည်း ထပ်ခါထပ်ခါ ပြောကြားခဲ့လို့ ဒီသတင်းဟာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ ဒါ့အပြင် Microsoftဟာ ၎င်းရဲ့ Older Windows Software နဲ့လည်း Run မှာမဟုတ်ပါဘူးလို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

Surface Marketingရဲ့ GM ဖြစ်သူ Brian Hall ကတော့ ZDNetကို ပြီးခဲ့တဲ့လက Microsoft အနေနဲ့ဈေးနှုန်းတွေကို Slashing လုပ်ပြီး Tabletတွေအပေါ်မှာ ဒေါ်လာသန်း၉၀၀သော Write-Down တွေယူခဲ့ပါတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် Microsoftရဲ့ COO Kevin Turner ကတော့ Surface RT နဲ့Surface Pro တို့ရဲ့ ဗားရှင်းအသစ်ကို ပြင်ဆင်နေပြီး ၂၀၁၄လောက်မှာ ထွက်ရှိမယ်လို့ သဲလွန်စပေး ပြောကြားခဲ့ပါသေးတယ်။

လူတွေ၀ယ်ချင်လာအောင် Microsoft အနေနဲ့ ဘာတွေလုပ်နေတယ်ဆိုတာ ကျွန်တော်တို့ မသိရပါဘူး။ ကြားရတဲ့သတင်းတစ်ခု အရတော့ Microsoftဟာ iPad Mini အရွယ်အစားလောက် ရှိတဲ့ Surface Tablet အသေးကိုလည်း ထုတ်လုပ်သွားနိုင်ဖွယ် ရှိနေပါတယ်။ နောက်သတင်းတွေအရလည်း Microsoft ဟာ Qualcomm’s Snapdragon 800 Processor တပ်ဆင်ထားတဲ့ Surface RT တွေကို ပြင်ဆင်နေပြန်ပါပြီ တဲ့ခင်ဗျာ။ ဒီလိုဆိုရင်တော့ အရမ်းကို အဆင်ပြေသွားမှာပါ။ ဘာလို့လဲဆိုတော့ ဒီChip က3Gမှာရော 4Gကွန်ရက်တွေမှာပါ ချိတ်ဆက်အသုံးပြုနိုင်လို့ ပါပဲ။

ဒါပေမယ့် Nividiaရဲ့ CEO Mr.Huangကတော့ Microsoftအနေနဲ့ Surface RT ဒုတိယမြောက်မျိုးဆက်ကို Nividiaအတွက် ကြိုးစားပေးနေပြီး ၎င်းတို့ပူးပေါင်းလုပ်ဆောင် ရလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ Microsoft ကတော့ အဆိုပါ ထင်မြင်ချက်ကို ယဉ်ယဉ်ကျေးကျေးပဲ ငြင်းပယ်ခဲ့ပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *