News

မည်သည့် စပီကာကိုမဆို Wireless Speaker အဖြစ်ပြောင်းလဲပေးမယ့် Beep

Google ရဲ့ ၀န်ထမ်းဟောင်းနှစ်ယောက်က Beep ဆိုတဲ့ Gadget ကို ထုတ်လုပ်ရောင်းချလိုက်ပါတယ်။ အိမ်မှာသီချင်းနားထောင် တဲ့ပုံစံကို ပိုမိုစမတ်ကျအောင်ပြုလုပ်ပေးနိုင်ပါတယ်။

အရောင်နှစ်မျိုး ထုတ်လုပ်ပေးထားပြီး ဒေါ်လာ (၉၉) သတ်မှတ်ထားပါတယ်။ မည်သည့် စပီကာမှာမဆို Beep ကိုတပ်ဆင် လိုက်တာနဲ့ စမတ်ဖုန်းက သီချင်းတွေကို ကြိုးမဲ့ဆက်သွယ်မှုဖြင့် နားထောင်လို့ ရပြီဖြစ်ပါတယ်။ Google ရဲ့ Chromecast နဲ့ အလုပ်လုပ်ပုံချင်းဆင်တူပါတယ်။ Chromecast က တီဗီမှာ တင်ဆင်ရမှာဖြစ်ပြီး စမတ်ဖုန်းက မီဒီယာတွေကို WiFi မှတစ်ဆင့် တီဗီမှာ ကြည့်နိုင်တာဖြစ်ပါတယ်။

Beep ကို Google ရဲ့ ၀န်ထမ်းဟောင်းနှစ်ဦးဖြစ်တဲ့ Daniel Conrad, Shawn Lewis တို့က တီထွင်တာဖြစ်ပါတယ်။

“ Bluetooth က အသုံးပြုရတာ အဆင်ပြေပေမယ့် အကွာအဝေးကန့်သတ်ချက် ရှိပါတယ်။ အခန်းများစွာမှာရှိတဲ့ Bluetooth Device တော်တော်များများကို တစ်ပြိုင်နက် ချိတ်ဆက်အသုံးပြုလို့ မရပါဘူး။ Pandora လို သီချင်းတွေထုတ်လွှင့်ပေးတဲ့ ၀န်ဆောင်မှုတွေကို လူတွေ အသုံးပြုမှုများလာပေမယ့် အိမ်မှာရှိတဲ့ စပီကာတွေမှာ နားထောင်လို့မရပါဘူး။ Beep က မည်သည့် စပီကာကိုမဆို Cloud ဆက်သွယ်နိုင်အောင်ပြုလုပ်ပေးနိုင်ပါတယ်။ “ လို့ Lewis က ပြောပါတယ်။

Beep ကို စပီကာနဲ့ ချိတ်ဆက်ပြီးရင် Beep က ခလုတ်ကို တစ်ချက်နှိပ်ပါ။ မိုဘိုင်းဖုန်းက သီချင်းတွေကို နားထောင်လို့ရပါပြီ။ Beep က ခလုတ်ကို နောက်တစ်ချက်နှိပ်ရင် ပိတ်တာဖြစ်ပါတယ်။

Pandora, Spotify တို့လို အင်တာနက်၀န်ဆောင်မှုက သီချင်းတွေအပြင် ဖုန်းထဲက သီချင်းတွေကိုပါ နားထောင်နိုင်ပါတယ်။ အသံအတိုးအကျယ်ကို Android, iOS App ကနေ ထိန်းချုပ်နိုင်သလို Beep မျာ ပါတဲ့ ခလုတ်ကို အသုံးပြုနိုင်ပါတယ်။

သီချင်းတွေကို အခန်းတိုင်းမှာရှိတဲ့ စပီကာမှာ နားဆင်နိုင်ပါတယ်။ စပီကာတစ်လုံးအတွက် Beep တစ်ခုလိုအပ်ပါတယ်။ WiFi Networks အများစုဟာ Device ငါးခု အထိချိတ်ဆက်နိုင်တယ်လို့ သိရပါတယ်။

အခန်းတိုင်းကနေ သီချင်းနားထောင်နိုင်တာဟာ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ချက်ဖြစ်ပါတယ်။ Beep ကိုလူတိုင်းကို စမ်းသပ်အသုံးပြုစေချင်ပါတယ်လို့ Lewis က ပြောပါတယ်။

Beep ကို ကြိုတင်မှာယူနိုင်ပြီး ဖုန်းလာရင်လည်း သီချင်းဆက်လက်နားထောင်နိုင်ပါတယ်။

Beep ရဲ့ အလုပ်လုပ်ပုံကို အောက်ကဗီဒီယိုမှာ လေ့လာနိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *