News

Samsung Galaxy S5 တွင် Fingerprint Reader တပ်ဆင်ထားမည်

ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင်.ကျင်းပပြုလုပ်မယ့် Mobile World Congress တွင် Samsung Galaxy S5 ကို ထုတ်ဖော်ပြသမယ်လို့ ခန်မှန်းရပါတယ်။ Samsung ရဲ့အတွင်းလူများပြောကြားချက်အရ Samsung Galaxy S5 ရဲ့ ဖုန်းမျက်နှာပြင်ကို ပွတ်ဆွဲအသုံးပြုရတဲ့ Swipe Fingerprint Sensor တပ်ဆင်ထားမယ်လို့ သိရပါတယ်။ Korean Website ဖြစ်သည့် ETNews သတင်းဌာန၏ သတင်းအရင်းအမြစ်များအရလည်း Samsung Galaxy S5 ဖုန်းမျက်နှာပြင်ကို Swipe Fingerprint Scanner တပ်ဆင်ထားမယ်လို့ ထပ်မံအတည်ပြုထားပါတယ်။

Apple ရဲ့ Touch ID Sanner လို Home Button ကို လက်နဲ့ ထိတွေ့အသုံးပြုစရာမလိုပဲ Galaxy S5 မှာ ဖုန်းမျက်နှာပြင်ကို လက်နဲ့ထိပြီး အသုံးပြုရမှာ ဖြစ်ပါတယ်။ LG G2 ရဲ့ Unlock Button နဲ့ ဆင်တူပါတယ်။ ဖေဖော်ဝါရီလ (၂၄ ) ရက်နေ့တွင် Barcelona ၌ ကျင်းပပြုလုပ်မယ့် Mobile World Congress တွင် အဆိုပါ Samsung Galaxy S5 ကို ပြသမယ်လို့ မျှော်လင့်ရပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *