Gadgets

Samsung က ၅၅လက်မအရွယ် Screenကွေး OLED TVကို မိတ်ဆက်

အခြားသော နာမည်ကြီး TVကုမ္ပဏီတွေနဲ့ အပြိုင် Sausungကလည်း မျက်နှာပြင်ကွေး TVအမျိုးအစားသစ် တစ်မျိုးအား မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ မကြာသေးခင်က Sonyနဲ့ LGကလည်း အဆိုပါ TVမျိုးအား မိတ်ဆက်ခဲ့သေးပြီး ယခု Samusngရဲ့ TVသစ်ဟာ ဒေါ်လာ ၁၃,၀၀၀တန်ကြေးရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ Samsungဟာ ယခု TVအား Timeless Arenaဒီဇိုင်းကို ယူ၍ တည်ဆောက်ထားကြောင်း ကြေညာထားပြီး OLED Pixelစနစ်နဲ့ ရုပ်ထွက်တွေကို ပြသပေးနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ Samsungရဲ့ TVသစ်ဟာ ယခုနှစ် အစောပိုင်းက LGမှ မိတ်ဆက်ခဲ့တဲ့ TVထက် အကွာအေ၀း မျိုးစုံတို့မှ အကောင်းဆုံး ကြည့်ရှုခံစားနိုင်အောင် ဖန်တီး ပြင်ဆင် ထုတ်လုပ်ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ထူးခြားချက် တစ်ခု အဖြစ် 3D Glassကို အသုံးပြုပြီး လူနှစ်ယောက် အနေဖြင့် အကြောင်းအရာ တစ်ခုစီအား တပြိုင်နက်တည်း ကြည့်ရှုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိတွင် Samsungဟာ အမေရိကန် ဈေးကွက် အတွက် Flat OLED HDTVsများအား ထုတ်လုပ် တင်ပို့သွားရန် စီစဉ်ထားပြီး နောက်ပိုင်းတွင် ၆၅ လက်မ အရွယ်နှင့် ၅၅ လက်မ အရွယ် 4K TVsများကိုလည်း ဖြန့်ချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

www.engaget.com

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Related Posts

2 thoughts on “Samsung က ၅၅လက်မအရွယ် Screenကွေး OLED TVကို မိတ်ဆက်

  1. may thu kyaw says:

    လိုချင်လိုက်တာတော်..မ၀ယ်နိုင်တာခက်တယ်…

  2. ei hnin phyo says:

    ဖြစ်နိုင်ရင်တစ်လုံးလောက်တော့လိုချင်တယ်

Leave a Reply

Your email address will not be published. Required fields are marked *