Featured, Mobile, Review

Samsungက Galaxy Alphaစမတ်ဖုန်းကို ကြေညာ

Samsungက Galaxy Alphaစမတ်ဖုန်းကို ကြေညာ

Samsungက Appleကို ယှဉ်ပြိုင်ရန် ရည်ရွယ်ထားတဲ့ စွမ်းဆောင်ရည်မြင့် Galaxy Alphaစမတ်ဖုန်းကို ကြေညာလိုက်ပါတယ်။ Galaxy စမတ်ဖုန်းတစ်လုံးကြေညာလိုက်တိုင်း သူ့ရဲ့ စွမ်းဆောင်ရည်များကြောင့် အံ့အားသင့်ခဲ့ရပေမယ့် အဆင့်အတန်းမြင့် ပုံစံပေါက်တဲ့ iPhoneကို တုပလို့ မရနိုင်ခဲ့ပါဘူး။

Appleရဲ့ အလူမီနီယမ် ကိုယ်ထည် စမတ်ဖုန်းနဲ့ ဈေးနှုန်းတူညီပေမယ့် Galaxy ဖုန်းများမှာ ပလတ်စတစ်ကိုယ်ထည်ကို သုံးထားတာက စိတ်ပျက်စရာပါ။

အခုတော့ လူအများရဲ့ တောင်းဆိုမှုတွေကို Samsungက ဖြည့်ဆည်းပေးလိုက်ပြီဖြစ်ပြီး သတ္တုကိုယ်ထည် ဘေးဘောင်များတပ်ဆင်ထားတဲ့ Galaxy Alphaကို ကြေညာလိုက်ပါတယ်။

Alphaကို စားသုံးသူဈေးကွက်ရဲ့ တောင်းဆိုမှုအပေါ်မှာ အခြေခံ ဒီဇိုင်းလုပ် ဖန်တီးထားတယ်လို့ Samsung Mobile Divisionမှ အရာရှိ J.K Shinက ပြောပါတယ်။

ဒါပေမယ့် Alphaဟာ iPhone 6ဖောက်သည်များကို စွဲဆောင်နိုင်မလားဆိုတာ မေးစရာရှိလာပါတယ်။

ကွာခြားချက်က သတ္တုကိုယ်ထည်ကို ဖုန်းတစ်ခုလုံးမှာ ဖုံးအုပ်ထားတဲ့ iPhone 5Sနဲ့ HTC Oneတို့လို မဟုတ်ဘဲ Alphaမှာတော့ ဘေးဘောင်များကိုသာ သတ္တုကိုယ်ထည် တပ်ဆင်ထားတာပါ။ ဘေးဘောင်တွေကတော့ iPhoneနဲ့ ဆင်တူပေမယ့် Alphaဟာ မူလ Samsungဖုန်းများရဲ့ ဒီဇိုင်းကနေ ခွဲမထွက်နိုင်သေးပါဘူး။ Alphaရဲ့ အနောက်ဘက်မှာ မူလ Galaxy S5 မှာလိုပဲ သားရေနဲ့ ချုပ်လုပ်ထားတဲ့ ပုံပေါက်တဲ့ ပလတ်စတစ်အခွံကို ဖုံးအုပ်ထားပါတယ်။

တောက်ပြောင်တဲ့ သတ္တုဘေးဘောင်ကို သုံးထားပေမယ့် စားသုံးသူတွေအတွက် Galaxy Alphaထက် Galaxy S5ကို ပိုပြီး အကြိုက်တွေ့စရာပါ။ ဘာလို့လဲဆိုတော့ Alphaဟာ ရေစိုမခံပါဘူး။ မျက်နှာပြင်ကလည်း Resolution ပိုနိမ့်ပါတယ်။ အနောက်ဘက်မှာ တပ်ဆင်ထားတဲ့ 12 Megapixel Cameraကလည်း S5ရဲ့ 15 Megapixel Camera လောက်မကောင်းပါဘူး။ MicroSD Cardသုံးလို့မရသလို 1830mAh Batteryကလည်း နည်းပါးနေပါတယ်။

ဒါပေမယ့် Alphaဟာ ၆.၇ မီလီမီတာ အထူသာရှိပြီး ပေါ့ပါးပြီး အရွယ်ကျုံ့ပါတယ်။ Coreရှစ်လုံးထိုး Processorက အလွန်ကောင်းမွန်ပါတယ်။

သတ္တုဘေးဘောင်ကို သုံးထားတာကို ကြိုဆိုပါတယ်။ ဒါဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ်ရောက်လာတာပါ။ ဒါပေမယ့်လည်း အားနည်းချက်တွေပါရှိလာပါတယ်။ သတ္တုဘေးဘောင်မပါတဲ့ Galaxy S5က ပိုမိုစွမ်းဆောင်ရည်ကောင်းမှာပါ။ Alphaဟာ ထိပ်တန်းစမတ်ဖုန်းမဟုတ်သေးပါဘူး။

Samsung Galaxy Alphaကို စက်တင်ဘာလ အစောပိုင်းမှာ အရောင်ငါးမျိုးနဲ့ ရောင်းချမှာဖြစ်ပေမယ့် Carrierများက ဈေးနှုန်းကို ကြေညာခြင်းမရှိသေးပါဘူး။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *