News

ပုဂ္ဂလိက ဘဏ်များမှ အေတီအမ်ကတ် တစ်သိန်းခွဲကျော် ထုတ်ပေးပြီး ဖြစ်

ATM Card

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ ပုဂ္ဂလိက ဘဏ်ခုနှစ်ဘဏ်မှ ထုတ်ပေးထားသည့် အေတီအမ်ကတ် (ATM)ကတ် အရေအတွက်မှာ ဇွန်လ ၂၁ရက်နေ့အထိ တစ်သိန်းခွဲကျော်သာ ရှိသေးကြောင်း သိရသည်။ ပုဂ္ဂလိက ဘဏ်များဖြစ်သည့် မြန်မာနိုင်ငံသားများဘဏ်၊ သမဝါယမဘဏ်၊ မြဝတီဘဏ်၊ ကမေ္ဘာဇဘဏ်၊ အာရှစိမ်းလန်းမှု ဖံွ့ဖြိုးရေးဘဏ်၊ ဧရာဝတီဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်တို့မှ အေတီအမ်ကတ် အရေအတွက် ၁၅၅၄၃၂ကတ် ထုတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဘဏ်ခုနှစ်ဘဏ်တွင် အေတီအက်စက် အလုံးရေ ၂၆၃လုံး တပ်ဆင်ထားပြီး၊ ရန်ကုန်မြို့တွင် အများဆုံး တပ်ဆင်ထားရှိခြင်း ဖြစ်သည်။ အေတီအမ်ကတ် အပါအဝင် အကြေွးဝယ်ကတ်များကို ၁၉၉၄ခုနှစ်မှ ၂၀၀၃ခုနှစ်အထိ၊ ပုဂ္ဂလိကဘဏ်များက ဝန်ဆောင်မှု ပေးခဲ့ဖူးပြီး၊ ၂၀၀၃ခုနှစ်တွင် ပုဂ္ဂလိက ဘဏ်များတွင် ဖြစ်ပေါ်ခဲ့သော ငွေကြေးအကြပ်အတည်းကြောင့် ပိတ်သိမ်းခဲ့ခြင်း ဖြစ်ကာ ၂၀၁၁ခုနှစ် နိုဝင်ဘာလမှ စတင်ကာ ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် ပြန်လည် အသုံးပြုနိုင်ခဲ့ခြင်း ဖြစ်သည်။

အကြေွးဝယ်ကတ်ပြားများသည် ဘဏ်များ၏ အဓိက လုပ်ငန်းဖြစ်သည့် အပ်ငွေ လက်ခံခြင်းနှင့် ငွေထုတ်ချေးခြင်းတို့ကို တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်သော စနစ်တစ်ရပ်ဖြစ်ပြီး အခိုက်အတန့် ငွေကြေး လိုအပ်သူများကို ဝန်ဆောင်မှု ပေးနိုင်သော စနစ်တစ်ရပ်လည်း ဖြစ်ပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

One thought on “ပုဂ္ဂလိက ဘဏ်များမှ အေတီအမ်ကတ် တစ်သိန်းခွဲကျော် ထုတ်ပေးပြီး ဖြစ်

  1. ei hnin phyo says:

    အေတီအမ်ကတ်တွေထပ်ထုတ်ပေးတော့လည်းကောင်းပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *