Featured, News

Samsung မှ galaxy s5 အတွက် Video စွမ်းဆောင်ရည်မြှင့်မားမှုကို လူအများစိတ်ဝင်စားစေမဲ့ ဇာတ်လမ်းတိုအဖြစ် ရိုက်ကူး

Samsung မှ galaxy s5 အတွက် Video စွမ်းဆောင်ရည်မြှင့်မားမှုကို လူအများစိတ်ဝင်စားစေမဲ့ ဇာတ်လမ်းတိုအဖြစ် ရိုက်ကူး

Samsung မှ လူကြိုက်များပြီး စိတ်ဝင်စားမှုရှိစေမဲ့ Video file တစ်ခုကိုရိုက်ကူးခဲ့ပါတယ်။ အဲ့ဒီ Video file ကို Samsung Galaxy S5 Smartphoneမှာ ထည့်သွင်းသွားမှာဖြစ်ပါတယ်။

ဒီ Video file လေးရဲ့ အမည်ကိုတော့ “Sunrise to Sunset” လို့အမည်ပေးထားပြီး Samsung Galaxy S5 ရဲ့ Video စွမ်းဆောင်ရည်ပြသမှုအဖြစ် HDR နဲ့ Full HD Video အမျိုးအစားအနေဖြင့် ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။ ဒါ့အတွက်ကြောင့် ဒီ Video file လေးရဲ့ ရလာဒ်အနေနဲ့ကတော့ လူတွေရဲ့ စိတ်ဝင်စားမှုကို ရယူချင်လို့ပဲဖြစ်တယ်လို့ Samsung မှ ပြောထားပါတယ်။

1မိနစ်နဲ့ 25 စက္ကန့်ကြာမြှင့်တဲ့ ဒီ Video file လေးမှာ မြောက်များလှစွာသော အလုပ်လုပ်နေကြတဲ့ လူတွေနဲ့ ပေပေါင်းများစွာ မြှင့်မားလှတဲ့ နေရာကနေ ပြုတ်မကျအောင် ကိုယ့်ရဲ့ အခြေအနေထိန်းချုပ်ပြီး အလုပ်လုပ်နေကြရတဲ့ လူတွေရဲ့ အကြောင်းတွေကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဝမ်းနည်းစွာနဲ့ပဲ Samsung က ဒီ Video file လေးရဲ့ ရိုက်ကွင်းအခြေနေကိုတော့ ထုတ်ဖော်ပြသခဲ့ခြင်းမရှိပဲ official video file ကိုသာ Galaxy S5 မှာထည့်သွင်းပါ့မယ်ဆိုတဲ့ သတင်းကိုသာ ထုတ်ပြန်ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

Samsung galaxy S5 ရဲ့ Video စွမ်းဆောင်ရည်ကတော့ 4K resolution ရှိပြီး ကြည်လင်ပြတ်သားမှုမှာလဲ HDR system ကိုအသုံးပြုထားပါတယ်။

Video file ကိုတော့ အောက်က link ကနေသွားရောက်ကြည့်ရှုနိုင်ပါတယ်။

https://www.youtube.com/watch?feature=player_embedded&v=_b6iApsCyOI

 

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *