News

Samsung Galaxy S 4 mini ဇူလိုင်လ ၁ရက်နေ့ ထွက်ရှိမည်

Samsung S 4 Mini ကို UKမှာ လာမည့် အပတ်တွင် စတင် ရောင်းချတော့မည် ဖြစ်ကြောင်း UK ၏ နာမည်ကြီး အွန်လိုင်း ဖုန်း ကုမ္ပဏီ တစ်ခု ဖြစ်သည့် Phone 4U မှ ထုတ်ဖော် ပြောဆိုခဲ့သည်။ Samsung S 4 ကို အော်ဒါ မှာယူ လိုသူများ အနေဖြင့် Phone 4U တွင် July 1 ရက်နေ့တွင် ရရှိ နိုင်မည် ဖြစ်ပြီး အသေးစား ဖုန်း အရောင်းဆိုင်များတွင် လာမည့် ရက်သတ္တပတ်အတွင်း စတင် ၀ယ်ယူ နိုင်တော့မည် ဖြစ်သည်။ Phone 4U တွင် ဈေးနှုန်း စတာလင်ပေါင် 420 ဖြင့် ရောင်းချမည်ဖြစ်ပြီး အခြားသော ဆိုက်များတွင် 400ဖြင့် ရောင်းချမည်ဟု သတင်းထွက်ရှိသည်။

Samsung S 3 mini ထက် ဈေးနှုန်း ပိုမြင့်ကြောင်း သိရသည်။ Galaxy S 4၏ ပုံစံနှင့် ဆင်တူမည် ဖြစ်ကာ အရွယ်အားဖြင့် 4.3 လက်မသာ ရှိမည် ဖြစ်သည်။ 1.7GHz dual-core processor ကို အသုံးပြုထားသည်။ ဈေးနှုန်းကိုတော့ ထွက်ရှိလာပြီ မကြာမီ ကျသွားမည်ဟု ခန့်မှန်း ထားကျသည်။ EE ကုမ္ပဏီ အနေဖြင့် S 4mini အော်ဒါ မှာယူသူများအား Galaxy Tab 2 7.0 အား လက်ဆောင် ပေးသွားရန် စီစဉ်နေကြောင်း သိရသည်။

www.engadget.com

Leave a Reply

Your email address will not be published. Required fields are marked *