Mobile, Review

Samsung Galaxy S5 Vs Apple iPhone 5S ဘယ်ဖုန်း ပိုကောင်းလဲ?

Samsung က Galaxy S5 ကို ထုတ်ဖော်ကြေညာလိုက်ပါပြီ။ Galaxy S5 ကို ၀ယ်ရမလား iPhone 5S ကို ၀ယ်ရမလား စဉ်းစားရ ခက်နေရင် ဒီဆောင်းပါးမှာ အဖြေရှာလိုက်ပါ။

မျက်နှာပြင်

April 11 ရက်နေ့မှာ တစ်ကမ္ဘာလုံးကို ရောင်းချမယ့် Samsung Galaxy S5 မှာ ၅.၁ လက်မအရွယ် Super AMOLED 1920×1080 Display တပ်ဆင်ထားပါတယ်။ တစ်လက်မလျှင် Pixel သိပ်သည်းဆ (၄၃၁) ပါရှိပါတယ်။ iPhone 5S မှာ လေးလက်မအရွယ် 1136×640 Display တပ်ဆင်ထားပါတယ်။ တစ်လက်မလျှင် Pixel သိပ်သည်းဆ (၃၂၆) ပါရှိပါတယ်။ S5 က Pixel သိပ်သည်းဆ ပိုမိုများပြားပေမယ့် 5S ရဲ့ Retina Display နည်းပညာကလည်း အလွန်ကောင်းမွန်ပါတယ်။ အဲဒီအတွက် ဒီအပိုင်းမှာ မတိမ်းမယိမ်း ပါပဲ။

Build

Galaxy S5 မှာ Samsung ရဲ့ ထုံးစံအတိုင်း ပလတ်စတစ် ကိုယ်ထည်ကို အသုံးပြုထားပါတယ်။ iPhone 5S မှာတော့ အလူမီနီယမ် အခွံကို အနောက်ဘက်မှာ တပ်ဆင်ထားပါတယ်။ iPhone 5S ဟာ တန်ဖိုးကြီး စမတ်ဖုန်း တစ်လုံး ပုံစံပေါက်ပါတယ်။ အရွယ်သေး ငယ်တဲ့အတွက်လည်း ပိုမိုပေါ့ပါးပါတယ်။ 5S ရဲ့ အလေးချိန်က (၁၁၂) ဂရမ် ဖြစ်ပြီး S5 ရဲ့ အလေးချိန်က (၁၄၅) ဂရမ် ဖြစ်ပါတယ်။

အရွယ်အစားက S5 က ပိုမိုကြီးမားပြီး 5.5 x 2.85 x 0.31 inches ဖြစ်ပါတယ်။ 5S က 4.87 x 2.31 x 0.30 inches ဖြစ်ပါတယ်။ iPhone 5S က အနည်းငယ် ပိုမိုပါးလွှာပါတယ်။

S5 မှာ ဖုန် နဲ့ ရေစိုခံနိုင်တဲ့ စွမ်းရည်ပါရှိပါတယ်။ အဲဒီအတွက် S5 က 5S ထက် အကြမ်းခံတယ်လို့ ပြောလို့ရပါတယ်။

Sensors

S5 မှာ Samsung က ပထမဆုံး Fingerprint Scanner ကို ထည့်သွင်းပေးလိုက်တာဖြစ်ပါတယ်။ Apple ကပြီးခဲ့တဲ့နှစ် ဧပြီလ ကတည်းက 5S မှာ အဲဒီနည်းပညာ ထည့်သွင်းပေးထားတာဖြစ်ပါတယ်။

ကွာခြားတာက Samsung ရဲ့ လက်ဗွေရာဖတ်စနစ် က Home Button ကို ပွတ်ဆွဲရတာ ဖြစ်ပြီး Apple ရဲ့ စနစ် က Home Button အပေါ်ကို ဖိထားရတာဖြစ်ပါတယ်။ စွမ်းဆောင်ချက်ချင်းကတော့ အတူတူပဲဖြစ်ပါတယ်။

S5 ရဲ့ အားသာချက်တစ်ခုက အနောက်ဘက်မှာ နှလုံးခုန်နှုန်း ကို တိုင်းတာပေးတဲ့ Sensor တပ်ဆင်ထားတာဖြစ်ပါတယ်။ လက်ချောင်းကို Sensor ပေါ်တင်ထားလိုက်တာနဲ့ နှလုံးခုန်နှုန်း ကို တိုင်းတာပေးပြီး App ကနေ ပြသပေးမှာဖြစ်ပါတယ်။

Processor

Lab ထဲမှာ စမ်းသပ်လို့မရသေးတဲ့အတွက် ဘယ်ဖုန်း က ပိုမြန်လဲဆိုတာ မသိရသေးပါဘူး။ တစ်ခုရှိတာ က ဖုန်းနှစ်လုံးမှာ မတူညီတဲ့ Architecture ကို အသုံးပြုထားတာဖြစ်ပါတယ်။ Apple က Processor များရဲ့ Frequency Speed ကို ဖော်ပြလေ့မရှိပါဘူး။

S5 မှာ 2.5GHz Quad-Core Qualcomm Snapdragon 801 Processor တပ်ဆင်ထားတဲ့အတွက် Snapdragon 800 ထက်တော့ ပိုမိုလျှင်မြန်လာပါတယ်။ 2GB RAM ပါရှိပါတယ်။

Apple က 64-bit Architecture A7 Chip ကို အသုံးပြုထားပြီး S5 ထက်ပိုမိုမြန်ဆန်မယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် သေချာပြောလို့မရသေးပါဘူး။

ကင်မရာ

ကင်မရာ အပိုင်းမှာတော့ Samsung က သာလွန်နေပါတယ်။ S5 မှာ 16 Megapixel Camera ကို အနောက်ဘက်မှာ တပ်ဆင်ထား ပါတယ်။ 4K Ultra HD Video များ ကို ရိုက်ကူးပေးနိုင်ပါတယ်။ 5S မှာတော့ 8 Megapixel Camera သာတပ်ဆင်ထားပါတယ်။ S5 ရဲ့ 4K Video ရိုက်ကူးနိုင်မှုက 5S ရဲ့ 1080p Video ရိုက်ကူးနိုင်မှုထက် လွန်စွာသာလွန်နေပါတယ်။ ဖုန်းနှစ်လုံးစလုံးက တစ်စက္ကန့်လျှင် ဖရိမ်သုံးဆယ် ရိုက်ကူးပေးနိုင်ပါတယ်။

အရှေ့ဘက် ကင်မရာ မှာလည်း Samsung က သာလွန်ပါတယ်။ S5 မှာ 2.1 Megapixel Camera နဲ့ 5S မှာ 1.2 Megapixel Camera တပ်ဆင်ထားပါတယ်။ S5 က 1080p Video ရိုက်ကူးပေးနိုင်ပြီး 5S က 720p Video ရိုက်ကူးပေးနိုင်ပါတယ်။

အနှစ်ချုပ်

iPhone 5S နဲ့ Galaxy S5 တို့ နှစ်မျိုးလုံးက စွမ်းဆောင်ရည်မြင့် ဖုန်းတွေဖြစ်ပေမယ့် S5 က ပိုမိုစွမ်းဆောင်ရည် ကောင်းမွန်တယ် လို့ သုံးသပ်မိပါတယ်။ နည်းပညာပိုင်းမှာလည်း ပိုမိုကောင်းမွန်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

One thought on “Samsung Galaxy S5 Vs Apple iPhone 5S ဘယ်ဖုန်း ပိုကောင်းလဲ?

  1. Aung Myint says:

    နားလည်တဲ့သူတွေပြောပြကြပါ ။
    ဒါမှကျနော်တို့နှိင်ငံမှလူငယ်များအသိနှင့်ဗဟုသုတများရရှိမယ်ဖြစ်ပါတယ် ။
    ကျေးဇူးပါ။

Leave a Reply

Your email address will not be published. Required fields are marked *