News

Samsung Galaxy S5 ကို သင့်ဖုန်းမှာ မြည်းစမ်းသုံးစွဲကြည့်ရအောင်

Samsung က နိုင်ငံအချို့က အရောင်းဆိုင်တွေမှာ Galaxy S5 ကို မြည်းစမ်း အသုံးပြုနိုင်အောင် စီစဉ်ပေးထားပါတယ်။ အမေရိကန် နဲ့ ဆွစ်ဇာလန် နိုင်ငံတွေမှာ ဖြစ်ပါတယ်။ အရောင်းဆိုင်တွေ နဲ့ မနီးလို့ပဲဖြစ်ဖြစ် ၊ မသွားရောက်နိုင်လို့ပဲဖြစ်ဖြစ် Galaxy S5 ကို မြည်းစမ်းအသုံးပြုနိုင်တဲ့ Galaxy S5 Experience ဆိုတဲ့ Android App ကိုလည်း Samsung က ပြုလုပ်ပေးထားပါတယ်။ Galaxy S5 အပြင် Samsung ရဲ့ Wearable Device တွေကိုပါ မြည်းစမ်းသုံးနိုင်မယ်လို့ ဆိုပါတယ်။

တကယ့် Galaxy S5 ကို အသုံးပြုနေသလိုတော့ ခံစားရမှာ မဟုတ်ဘဲ Galaxy S5 ရဲ့ အဓိက စွမ်းဆောင်ချက်များ ကို သိရှိခံစားရမှာဖြစ်ပါတယ်။ Galaxy S5 ရဲ့ ကင်မရာ ၊ S Health App နဲ့ ဘက်ထရီ ကို အလွန်အသုံးခံစေမယ့် စွမ်းဆောင်ချက်တွေ အပြင် အခြား စွမ်းဆောင်ချက်တွေကို စမ်းသပ်နိုင်မှာဖြစ်ပါတယ်။

App ကို အသုံးပြုဖို့ အတွက် Android 4.0 နဲ့ သူ့အထက် ရှိရပါမယ်။ Screen Resolution က 480×800 Pixels နဲ့ 1GB RAM ရှိရပါမယ်။ Processor ရဲ့ Clock Speed က 1.0GHz ရှိရပါမယ်။ အဲဒီ App က တက်ဘလက်များမှာ အလုပ်မလုပ်ဘူးလို့ သိရပါတယ်။

Samsung က Galaxy S5 ကို ဧပြီလ (၁၁) ရက်နေ့မှာ စတင်ရောင်းချပေးမှာဖြစ်ပါတယ်။

Download Galaxy S5 Experience

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *