News

HTC က Desire 610 စမတ်ဖုန်းကို ကြေညာ

HTC က HTC Desire 610 ကို Mobile World Congress တွင် ကြေညာလိုက်ပါတယ်။ HTC Desire 610 ဟာ Desire 601 စမတ်ဖုန်းနှင့် ဒီဇိုင်းချင်း ဆင်တူပေမယ့် ၄.၇ လက်မ (960 x 540) Pixel Display တပ်ဆင်ထားပါတယ်။ HTC One နဲ့လည်း ဒီဇိုင်းချင်း ဆင်တူပြီး အရှေ့ဘက်မှာ Speaker နှစ်ခုကို တပ်ဆင်ထားပါတယ်။ အသံအရည်အသွေးကို မြှင့်တင်ပေးနိုင်မယ့် BoomSound နည်းပညာ ပါရှိပါတယ်။ Android OS နဲ့ အတူ HTC Sense Software ကိုလည်း ထည့်သွင်းထားပါတယ်။ သတင်းများနှင့် Social Feed များကို Home Screen တွင် ပြသပေးနိုင်သည့် BlinkFeed စွမ်းဆောင်ချက် ပါရှိပါတယ်။ နှစ်သက်ရာသတင်း Website များမှ သတင်းများကို ရယူကြည့်ရှုနိုင်ပါတယ်။

HTC Desire 610 တွင် 1.2GHz Quad-Core Qualcomm Snapdragon 400 Chipset နဲ့ 1GB RAM တပ်ဆင်ထားပါတယ်။ Internal Storage 8GB ပါရှိပြီး microSD Card ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ အနောက်ဘက်တွင် 8-Megapixel Camera နဲ့ မျက်နှာချင်းဆိုင်တွင် 1.3-Megapixel Camera တပ်ဆင်ထားပါတယ်။ HTC Desire 610 ဟာ စွမ်းဆောင်ရည်နဲ့ ဖျော်ဖြေမှုကို ပေါင်းစပ်ပေးထားပြီး အသက်သာဆုံး စျေးနှုန်းနဲ့ လူတိုင်းအသုံးပြုနိုင်အောင် ပြုလုပ်ပေးထားတာ ဖြစ်တယ်လို့ HTC ရဲ့ ဥရောပ၊ အရှေ့အာရှနဲ့ အာဖရိကမှ အကြီးအကဲဖြစ်သူ Philip Blair ပြောပါတယ်။ HTC Desire 610 ကို ၂၀၁၄ ခုနှစ် မေလတွင် ဥရောပမှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *