News

Samsung Galaxy S5 ကို ယူရို (၆၉၉) ဖြင့် ရောင်းချ

ရိုမေးနီးယား ရှိ Orange မှ Samsung Galaxy S5 ကို ကြိုတင်မှာယူနိုင်ပြီဖြစ်ပါတယ်။ နှစ်နှစ်စာချုပ် နဲ့ ၀ယ်ယူမယ်ဆိုရင် ယူရို (၂၄၉) ကျသင့်မှာ ဖြစ်ပြီး ဖုန်းလိုင်းအလွတ်၀ယ်ယူမယ်ဆိုရင် ယူရို (၆၉၉) ကျသင့်မှာ ဖြစ်ပါတယ်။ Orange က S View Flip Cover ကို လည်း ရောင်းချပေးနေပါတယ်။

Orange က ဧပြီလ (၁၁) ရက်နေ့မှာ ပို့ဆောင်ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုပါတယ်။ Orange က Galaxy S5 ရဲ့ အနက်၊ အဖြူ၊ အပြာ အရောင်များ ကို ရောင်းချပေးနေတာ ဖြစ်ပြီး ရွှေရောင် ကိုတော့ မတွေ့ရှိရပါဘူး။

Galaxy S5 မှာ ၅.၁ လက်မအရွယ် HD Display တပ်ဆင်ထားပြီး အနောက်ဘက်မှာ 16 Megapixel Camera တပ်ဆင်ထားပါတယ်။ မျက်နှာချင်း ဆိုင်မှာ 2.1 Megapixel Camera တပ်ဆင်ထားပါတယ်။ Qualcomm Snapdragon Quad-Core 2.5GHz Processor, 2GB RAM တပ်ဆင်ထားပါတယ်။ 16 or 32 GB Storage ရွေးချယ်နိုင်ပါတယ်။ 2800mAh Battery တပ်ဆင်ထားပါတယ်။

Samsung Galaxy S5 က ရေစိုခံနိုင်ပြီး သူ့ရဲ့ စွမ်းဆောင်ချက် အပြည့်အစုံ ကို အောက် က လင့် မှာ ဖတ်နိုင်ပါတယ်။

/news/%E1%80%9B%E1%80%B1%E1%80%85%E1%80%AD%E1%80%AF%E1%80%81%E1%80%B6%E1%80%90%E1%80%B2%E1%80%B7-samsung-galaxy-s5/

Galaxy S5 နဲ့ iPhone 5S ဖုန်းနှစ်လုံးမှာ ဘယ်ဖုန်း ပိုကောင်းသလဲ သိချင်ရင် အောက်က ဆောင်းပါး ကိုဖတ်ပါ။

/reviews/samsung-galaxy-s5-vs-apple-iphone-5s-%e1%80%98%e1%80%9a%e1%80%ba%e1%80%96%e1%80%af%e1%80%94%e1%80%ba%e1%80%b8-%e1%80%95%e1%80%ad%e1%80%af%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%9c/

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *