News

Samsung Galaxy S5 ကို သတ္တု ၊ ပလတ်စတစ် နှစ်မျိုးဖြင့် ၂၀၁၄ ခုနှစ် အစောပိုင်းတွင် ရောင်းချမည်

Samsung ရဲ့ စွမ်းဆောင်ရည်မြင့် Galaxy S5 ကို ၂၀၁၄ ခုနှစ် အစောပိုင်းဖြစ်တဲ့ မတ်လ လောက် မှာ ရောင်းချမယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ ပလတ်စတစ်၊ သတ္တု နှစ်မျိုး ဖြင့်ထုတ်လုပ်ရောင်းချမှာဖြစ်ပါတယ်။

ကိုရီးယား မှ ET News သတင်း၀က်ဆိုက်မှဖော်ပြချက်အရ Galaxy S5 ကို ဗီယက်နမ် နိုင်ငံတွင် ၂၀၁၄ ခုနှစ် အစောပိုင်းမှာ စတင်ထုတ်လုပ်မှာဖြစ်ပြီး မတ်လ မှာ ရောင်းချမယ်လို့ သိရပါတယ်။

Samsung က သူ့ရဲ့ စွမ်းဆောင်ရည်မြင့် ဖုန်းတွေကို ရောင်းချနေကျ အချိန်စက်ဝိုင်းအရတော့ ယခုသတင်းဟာ ပုံမှန်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် Galaxy S4 ဖုန်းတွေ ဟာ မျှော်မှန်းထားသလောက် ရောင်းမကောင်းတဲ့အတွက် S5 ကို ရောင်းချတော့မယ်ဆိုတဲ့ သတင်းဟာ ဖြစ်နိုင်ခြေရှိနေပါတယ်။

Apple က iPhone 5S နဲ့ 5C နှစ်မျိုး ရောင်းချခဲ့တဲ့အတွက် Samsung ကလည်း စွမ်းဆောင်ရည်မြင့် ဖုန်းနှစ်မျိုး ရောင်းချမှာဖြစ်တယ်လို့ ET News က ပြောကြားပါတယ်။ ဖုန်းနှစ်မျိုးစလုံးမှာ Specification တွေတူညီမှာဖြစ်ပေမယ့် တစ်မျိုးမှာ တော့ သတ္တု နဲ့ပြုလုပ် ပေးထားမှာဖြစ်ပြီး ကွေးညွှတ်နိုင်တဲ့ စကရင် ပါရှိမှာဖြစ်ပါတယ်။ နောက်တစ်မျိုးကိုတော့ ပလတ်စတစ် ဖြင့်ပြုလုပ်ပေးထားမှာဖြစ်ပြီး ဈေးနှုန်း သက်သာမှာဖြစ်ပေမယ့် စကရင် ကိုတော့ ကွေးညွှတ်လို့ရမှာမဟုတ်ပါဘူး။

ထွက်ပေါ်နေတဲ့ သတင်းတွေအရ ငါးလက်မ Super AMOLED Screen ကို အသုံးပြုထားမှာဖြစ်ပြီး တစ်လက်မ ကို Pixel သိပ်သည်းဆ ၅၆၀ ပါရှိပါမယ်။ 64-bit Processor တပ်ဆင်ထားပြီး OIS ကို Support ပေးတဲ့ 16 Megapixel Camera တပ်ဆင်ထားမှာဖြစ်ပါတယ်။ 3GB RAM , 4000mAh Battery ပါရှိပါမယ်။ Samsung က မျက်နှာပြင် သုံးခုပါတဲ့ ဖုန်းတွေကိုလည်း ပြုလုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် Galaxy S5 မှာတော့ မျက်နှာပြင် သုံးခု ပါလာမှာမဟုတ်ဘဲ နောက်ထုတ်တဲ့ ဖုန်းများမှာ ပါ၀င်လာမှာဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

One thought on “Samsung Galaxy S5 ကို သတ္တု ၊ ပလတ်စတစ် နှစ်မျိုးဖြင့် ၂၀၁၄ ခုနှစ် အစောပိုင်းတွင် ရောင်းချမည်

Leave a Reply

Your email address will not be published. Required fields are marked *