News

Samsung Galaxy S5 ရွှေရောင်ကို Vodafone မှ ဝယ်ယူနိုင်ပြီ

Vodafone က Samsung ရဲ့ Galaxy S5 ရွှေရောင်အမျိုးအစားကို ရောင်းချခွင့်ရရှိပါတယ်။ Samsung Galaxy S5 ရွှေရောင်ကို မတ်လ(၂၈)ရက်နေ့မှာ ကြိုတင်မှာယူနိုင်မှာဖြစ်ပြီး ဧပြီလ(၁၁) ရက်နေ့မှာ စတင်ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံမှာလည်း Samsung Galaxy S5 ကို အရောင်မျိုးစုံစွာဖြင့် Online အရောင်းဆိုင်နဲ့ ပြင်ပအရောင်းဆိုင်များမှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။

ရွှေရောင်အမျိုးအစား Samsung Galaxy S5 ကို ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလ က ဘာစီလိုနာ ၌ ကျင်းပပြုလုပ်ခဲ့သည့် Mobile World Congress မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ Samsung Galaxy S5 ဟာ သူ့ရဲ့ နောင်တော် ဖုန်းများထက် ထူးခြားတဲ့ စွမ်းဆောင်ချက်ပါရှိပါတယ်။

အခုထွက်ရှိလာမယ့် ရွှေရောင် Samsung Galaxy S5 တွင် 2.3GHz Quad-Core Qualcomm Snapdragon 801 Processor တပ်ဆင်ထားပါတယ်။ 4K Video ရိုက်ကူးနိုင်မှာ ဖြစ်သလို နေ့စဉ် အသုံးပြုမှုတွေမှာလည်း လျှင်မြန်မှာဖြစ်ပါတယ်။ အရှေ့ဘက်တွင် Finger Print Sensor တပ်ဆင်ထားပြီး Unlock လုပ်ဖို့အတွက် လုံခြုံရေးတစ်ခုအနေနဲ့ စွမ်းဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။

Samsung Galaxy S5 က IP67 စံနှုန်းသတ်မှတ်ချက်ရှိပြီးတော့ ရေစိုမှုနဲ့ ဖုန်မှုန့် ဒဏ်ကို ခံနိုင်မှာ ဖြစ်ပါတယ်။ အနောက်ဘက်တွင် နှလုံးခုန်နှုန်းကို တိုင်းတာနိုင်တဲ့ Sensor တပ်ဆင်ထားပါတယ်။

Galaxy S5 မှာ ၅.၁ လက်မအရွယ် HD Display တပ်ဆင်ထားပြီး အနောက်ဘက်မှာ 16 Megapixel Camera တပ်ဆင်ထားပါတယ်။ မျက်နှာချင်း ဆိုင်မှာ 2.1 Megapixel Camera တပ်ဆင်ထားပါတယ်။ 2GB RAM တပ်ဆင်ထားပါတယ်။ 16 or 32 GB Storage ရွေးချယ်နိုင်ပါတယ်။ 2800mAh Battery တပ်ဆင်ထားပါတယ်။

Samsung Galaxy S5 က ရေစိုခံနိုင်ပြီး သူ့ရဲ့ စွမ်းဆောင်ချက် အပြည့်အစုံ ကို ဒီဆောင်းပါး မှာ ဖတ်နိုင်ပါတယ်။

Galaxy S5 နဲ့ iPhone 5S ဖုန်းနှစ်လုံးမှာ ဘယ်ဖုန်း ပိုကောင်းသလဲ သိချင်ရင် ဒီ ဆောင်းပါး ကိုဖတ်ပါ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *