News

Samsung Galaxy S5 ကိုကြိုတင်မှာယူနိုင်ပြီ

AT&T က Samsung Galaxy S5 ကို နှစ်နှစ်စာချုပ်ဖြင့် ရောင်းချပေးမှာဖြစ်ပြီး ကနဦးပေးချေငွေ ဒေါ်လာ (၁၉၉.၉) ကျသင့် မှာ ဖြစ်ပါတယ်။ AT&T မှ Galaxy S5 ကို စတင်ပြီး ကြိုတင်မှာယူနိုင်ပြီလို့ သိရပါတယ်။ အခြား Carrier များကလည်း Galaxy S5 ကို AT&T နှင့် အပြိုင်ရောင်းချမယ်လို့ ကြေညာပါတယ်။

T-Mobile နဲ့ US Cellular တို့ကနေ Galaxy S5 ကို ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပါတယ်။ T-Mobile ကနေ Galaxy S5 ကို ဝယ်ယူမယ်ဆိုရင် ကနဦးငွေပေးချေစရာမလိုဘဲ တစ်လလျှင် ဒေါ်လာ (၂၇.၅၀) နှုန်းဖြင့် (၂၄)လ ပေးသွင်းနိုင်မှာ ဖြစ်ပြီး စုစုပေါင်း ဒေါ်လာ(၆၆၀) ကျသင့်မှာ ဖြစ်ပါတယ်။ T-Mobile နဲ့ စာချုပ်ချုပ်ပြီးသားသူများအနေနဲ့ နောက်ထပ်စာချုပ် ချုပ်စရာမလိုဘူးလို့ သိရပါတယ်။ အခြား Carrier များမှ T-Mobile ကို ပြောင်းလဲအသုံးပြုချင်သူတွေအတွက် T-Mobile က Termination Fees ကို ကျခံမှာ ဖြစ်ပါတယ်။

T-Mobile က Galaxy S5 ကို ကြိုတင်မှာယူထားသူများက Galaxy Tab 3 Slate ကို ဝယ်ယူလျှင် ဒေါ်လာ(၁၂၀) ဈေးလျော့ရရှိမှာ ဖြစ်ပါတယ်။ Galaxy S5 ကို မတ်လ(၂၄)ရက်နေ့ မှစပြီး ကြိုတင်မှာယူနိုင်မှာ ဖြစ်ပါတယ်။

AT&T လိုပဲ US Cellular ကလည်း Galaxy S5 ကို ကြိုတင်မှာယူနိုင်ပြီလို့ ကြေညာပါတယ်။ ဈေးနှုန်းကလည်း အတူတူပဲ ဖြစ်ပါတယ်။ Galaxy S5 ကို နှစ်နှစ်စာချုပ်ဖြင့် ကနဦး ပေးချေငွေ ဒေါ်လာ(၁၉၉.၉၉) ဖြင့် ဝယ်ယူနိုင်ပါတယ်။ Online ကနေ မှာယူမယ်ဆိုရင် ဒေါ်လာ(၅၀)တန် Google Play Promo Credit Card ရရှိမှာ ဖြစ်ပါတယ်။ Gear 2 Neo နဲ့ Gear 2 စမတ်နာရီများကိုလည်း ကြိုတင်ရောင်းချပေးနေပြီ ဖြစ်ပါတယ်။

T-Mobile Poland ကလည်း Galaxy S5 ကို ကြိုတင်ရောင်းချပေးနေပြီ ဖြစ်ပါတယ်။ Poland မှာ နေထိုင်သူများအနေနဲ့ Galaxy S5 ကို ဝယ်ယူမယ်ဆိုရင် Galaxy Fit စမတ်လက်ပတ်နာရီကို အခမဲ့ ရရှိမယ်လို့ သိရပါတယ်။

အမေရိကန် အရောင်းဆိုင်ဖြစ်တဲ့ Radio Shack ကလည်း မတ်လ(၂၁)ရက်မှာ Galaxy S5 ကို ကြိုတင်ရောင်းချပေးလိုက်ပြီ ဖြစ်ပါတယ်။ ကြိုတင်မှာယူသူများအနေနဲ့ ဒေါ်လာ(၅၀)တန် ကူပွန်ကို ရရှိမှာဖြစ်ပြီး နောက်ပိုင်းဝယ်ယူသူမှုများ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Trade & Save Program အရ ကောင်းမွန်သေးသည့် စမတ်ဖုန်းအဟောင်းတစ်လုံးကို ပေးအပ်မယ်ဆိုရင် (၇၅)ဒေါ်လာ ကနေ (၃၀၀) ဒေါ်လာ ကြားမှာ လျော့ဈေးဖြင့် ရရှိမှာ ဖြစ်ပြီး Galaxy S5 ကို ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *