Gresso က iPhone 5 နဲ့ iPhone 5S တို့အတွက် တန်ဖိုးအမြင့်ဆုံး Accessory များကို ဒေါ်လာ (၁,၀၀၀) နဲ့ (၁၀,၀၀၀) ကြားမှာ ထုတ်လုပ်ရောင်းချပေးနေပါတယ်။
အခုတခါကတော့ iPhone ရဲ့ Phone Case တစ်ခုဖြစ်ပြီးတော့ 18K ရွှေ ထည့်သွင်းထားပါတယ်။ Grade 5 Titanium ကိုယ်ထည် အခွံကိုလည်း ထည့်သွင်းပြုလုပ်ထားပါတယ်။ အဲ့ဒီအတွက် စတိုင်ကျလှပမှာဖြစ်ပြီးတော့ ဖုန်းကို ထိရောက်စွာ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
Gresso Titanium Bumper မှာ တစ်ချက်လှုပ်ရှားတာနဲ့ ဖုန်းကို Lock, Unlock ပြုလုပ်နိုင်တဲ့ Magnetic Lock System ပါရှိလာ ပါတယ်။ အဆိုပါ Titanium Bumper ဟာ iPhone 5 နဲ့ iPhone 5S ကို အလွန်ထိရောက်စွာ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ခလုတ်တွေ နဲ့ Port တွေကိုလည်း ပိတ်ဆို့ကာဆီးထားခြင်းမရှိဘဲ အလွယ်တကူအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Titanium Bumper Case တစ်ခုကို ပြုလုပ်ဖို့ အချိန် ၈ နာရီကြာတယ်လို့ သိရပါတယ်။ ဒါ့အပြင် Bumper ကို အချောသတ်ပြုလုပ်ဖို့ ကိုလည်း အချိန် ၄ နာရီကြာပါတယ်။ Gresso က သူ့တို့ရဲ့ နည်းပညာဟာ ဖုန်း Case ကို လေးလံခြင်းမရှိဘဲ ပေါ့ပါးစေမှာ ဖြစ်တယ်လို့ ပြောပါတယ်။ အဆိုပါ Bumper Case အသစ်ဟာ ၂၀၁၂ ခုနှစ်မှာ iPhone 5S အတွက် ထုတ်လုပ်ပေးထားတဲ့ Bumper ထက် ပိုပြီး တိုးတက်ကောင်းမွန်လာပါတယ်။
Gresso က သူ့ရဲ့ Website မှာ Bumper တစ်ခုချင်းစီအတွက် ဈေးနှုန်းကို ဖော်ပြထားခြင်းမရှိသေးသော်လည်း ဒေါ်လာ( ၁၀,၀၀၀) တန် Bumper ကို ရောင်းချပေးမယ်လို့တော့ သိရပါတယ်။