News

Samsung Galaxy S5 မှာ Fingerprint Sensor ပါရှိမယ်လို့ အတည်ပြု

Samsung က Galaxy S5 ကို နောက်တစ်ပတ်မှာ ပြုလုပ်မယ့် Mobile World Congress မှာ ထုတ်ဖော်ပြသမယ်လို့ မျှော်လင့်နေကြပါတယ်။ ပွဲမတိုင်မီမှာ ပဲ Sammobile က S5 မှာ ဖုန်း ကို Unlock လုပ်ဖို့ Fingerprint Sensor ပါရှိတယ်လို့ အတည်ပြုပြောကြားပါတယ်။

မကြာမီက ထွက်ပေါ်ခဲ့တဲ့ သတင်းအရ Fingerprint Sensor ကို ဖုန်းမျက်နှာပြင်မှာ တပ်ဆင်ထားမှာဖြစ်ပြီး လက်ချောင်းကို ဖုန်းမျက်နှာပြင်ပေါ်မှာ ဒေါင်လိုက်ပွတ်ဆွဲပြီး Unlock လုပ်ရမှာဖြစ်ပါတယ်။ လက်နဲ့ ပွတ်ဆွဲတဲ့ အမြန်နှုန်း ကိုလည်း အနေတော် ပြုလုပ်ရမှာဖြစ်ပါတယ်။ ဖုန်းရဲ့ မျက်နှာပြင် တစ်ခုလုံး ကို Fingerprint Sensor အနေနဲ့အသုံးပြုရမှာဖြစ်ပါတယ်။ Sammobile ရဲ့ အတည်ပြုချက်အရ S5 မှာ Apple ရဲ့ iPhone 5S မှာလိုပဲ Home Button မှာ Fingerprint Scanner ထည့်သွင်းထားတာ ဖြစ်ပါတယ်။

Fingerprint Sensor ကို အသုံးပြုပြီး ဖုန်း ကို Unlock လုပ်နိုင်ပြီး လက်ချောင်းခုနစ်ချောင်းကို မှတ်ပုံတင်ထားနိုင်ပါတယ်။ လက်ချောင်းတစ်ခုကို App တစ်ခုကိုဖွင့်ဖို့ ဒါမှမဟုတ် အခြား အလုပ်တစ်ခုလုပ်ဖို့ သတ်မှတ်ထားနိုင်ပါတယ် လို့ Sammobile က ပြောပါတယ်။ အရင်နည်းတွေဖြစ်တဲ့ PIN Code အသုံးပြုပြီး ဖုန်းကို Unlock လုပ်နိုင်ပါတယ်။

Fingerprint Sensors ဟာ စမတ်ဖုန်း လောကမှာ ခေတ်သစ်နည်းပညာဖြစ်လာမှာဖြစ်ပါတယ်။ Apple ရဲ့ iPhone 5S မှာ သာမက HTC One Max မှာလည်း အဲဒီ နည်းပညာပါရှိပါတယ်။ အရင်ကထွက်ပေါ်ခဲ့တဲ့ သတင်းအရ Galaxy S5 မှာ Iris Scanning Security Technology ပါရှိမှာဖြစ်တယ်လို့ သိရပေမယ့် အခုထွက်ပေါ်တဲ့သတင်းအရ S5 မှာ အဲဒီနည်းပညာပါရှိမှာမဟုတ်ပါဘူး။

Samsung က ဖေဖော်ဝါရီလ (၂၄) ရက်နေ့မှာ ပြုလုပ်မယ့် Mobile World Congress မှာ Galaxy S5 ကို ထုတ်ဖော်ပြသမယ်လို့ မျှော်လင့်ရပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

One thought on “Samsung Galaxy S5 မှာ Fingerprint Sensor ပါရှိမယ်လို့ အတည်ပြု

  1. Johnson Maung says:

    ခိုးတယ်ဆိုလည်းဆိုတာပဲရှိမယ်… သိပ်ရှက်တတ်ပုံရတယ်…

Leave a Reply

Your email address will not be published. Required fields are marked *