Featured, Review

Appleရဲ့ ချပ်၀တ်တန်ဆာကွန်ပြူတာ (Wearables) ဈေးကွက်သို့ ဦးတည်မယ့် iPhone ကြော်ညာ

Appleက 2014 Worldwide Developer Conferenceနဲ့ အတူ iPhone 5Sကြော်ညာကို ထုတ်လွှင့်ပေးလိုက်ပါတယ်။ ကြော်ညာမှာ iPhoneဟာ ချပ်၀တ်တန်ဆာ ကွန်ပြူတာများနဲ့ တွဲဖက်အလုပ်လုပ်နေတာကို ပြသထားပါတယ်။ ဒါပေမယ့် ကောလဟလများစွာ ထွက်ပေါ်ခဲ့တဲ့၊ ထွက်ပေါ်နေဆဲဖြစ်တဲ့ နာမည်ကျော် iWatchစမတ်နာရီနဲ့ ပတ်သက်ပြီး ကြေညာခြင်း မရှိခဲ့ပါဘူး။

ကြော်ညာမှာ ထုတ်လုပ်သူများစွာက ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ ချပ်၀တ်တန်ဆာ ကွန်ပြူတာများကို အသုံးပြုပြီး ကိုယ်လက်လှုပ်ရှားမှု တိုင်းတာထားတဲ့ ရလဒ်များကို iPhoneမှာ ပြသပေးနေတာကိုတွေ့ရပါတယ်။ iPhoneနဲ့ တွဲဖက်အသုံးပြုထားတဲ့ ချပ်၀တ်တန်ဆာ ကွန်ပြူတာများကတော့ Misfit Shine, Health Mate, Zepp Golf Sensor, Adidas’s miCoach Smart Ball, Wahoo Fitness Blue Speed and Cadence Sensorတို့ ဖြစ်ပါတယ်။

အဲဒီကြော်ညာဟာ နာမည်ကြီး ၁၉၈၄ Mac ကြော်ညာကို ဖန်တီးခဲ့တဲ့ ကြော်ညာ ကုမ္ပဏီ TBWA\Chiat\Day’s Media Arts Labရဲ့ ဖန်တီးမှုမဟုတ်ဘဲ Appleကိုယ်တိုင် ဖန်တီးထားတဲ့ကြော်ညာဖြစ်ပါတယ်။

ကြော်ညာကိုကြည့်ခြင်းအားဖြင့် Appleက ချပ်၀တ်တန်ဆာ ကွန်ပြူတာကို ထုတ်လုပ်မှာ မဟုတ်ဘဲ ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ ချပ်၀တ်တန်ဆာကွန်ပြူတာများကို iPhoneနဲ့ တွဲဖက် အလုပ်လုပ်အောင် ရည်ရွယ်နေတယ်လို့ ခန့်မှန်းရပါတယ်။

Appleရဲ့ iPhone 5S ကြော်ညာကို အောက်မှာ ကြည့်နိုင်ပါတယ်။

https://www.youtube.com/watch?v=xTjejvnBJfU

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *