News

ရေစိုခံတဲ့ Samsung Galaxy S5

Samsung က Galaxy S5 ကို Mobile World Congress မှာ ထုတ်ဖော်ပြသလိုက်ပါတယ်။ မျက်နှာပြင်ပိုမိုကြီးမားလာပြီး ကင်မရာ က ပိုမိုကောင်းမွန်လာပါတယ်။ Fingerprint Scanner ပါရှိလာပါတယ်။

၅.၁ လက်မအရွယ် HD Display တပ်ဆင်ထားပြီး အနောက်ဘက်မှာ 16 Megapixel Camera တပ်ဆင်ထားပါတယ်။ မျက်နှာချင်း ဆိုင်မှာ 2.1 Megapixel Camera တပ်ဆင်ထားပါတယ်။ Qualcomm Snapdragon Quad-Core 2.5GHz Processor, 2GB RAM တပ်ဆင်ထားပါတယ်။ 16 or 32 GB Storage ရွေးချယ်နိုင်ပါတယ်။ 2800mAh Battery တပ်ဆင်ထားပါတယ်။ ဈေးနှုန်း နဲ့ ရောင်းချမယ့်ရက်ကို မသိရသေးပါဘူး။

“ ကျွန်တော်တို့ ပရိသတ်တွေဟာ ရှုပ်ထွေးတဲ့နည်းပညာတွေကို အလိုမရှိကြဘဲ လှပတဲ့ဒီဇိုင်းနဲ့ စွမ်းဆောင်ရည်ကောင်းမှုတို့ကို အလိုရှိကြတာဖြစ်ပါတယ်။ ကင်မရာကောင်းမွန်မှုကိုလည်း နှစ်သက်ကြပါတယ်။ မြန်နှုန်းမြင့်အင်တာနက် အသုံးပြုနိုင်ဖို့ကို အလိုရှိကြတာဖြစ်ပါတယ်။” လို့ Samsung CEO ဖြစ်သူ J.K Shin က ပြောပါတယ်။

S5 ကို အရောင်နှစ်မျိုးထုတ်လုပ်ပေးထားပြီး ဖုန်နဲ့ ရေစိုခံနိုင်ပါတယ်။ ဘက်ထရီကို အလွန်ကြာရှည်စွာ အသုံးခံနိုင်တဲ့ နည်းပညာ လည်း ထည့်သွင်းပေးထားပါတယ်။

ကင်မရာအသစ်မှာ အလျှင်မြန်ဆုံး Auto Focus ပြုလုပ်နိုင်တဲ့ စွမ်းရည် ပါရှိပြီး လျှင်မြန်စွာ ဓာတ်ပုံရိုက်ကူးနိုင်ပါတယ်။ High Dynamic Range (HDR) ကို အချိန်နဲ့ တစ်ပြေးညီပြပေးနိုင်ပါတယ်။ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးပြီးရင် တစ်ခါတည်း Edit လုပ်နိုင်တဲ့ Tools တွေထည့်သွင်းပေးထားပါတယ်။

iPhone 5S မှာလို Fingerprint Sensor ကို ထည့်သွင်းပေးထားပြီး ဖုန်းကို လက်ဗွေရာ အသုံးပြုပြီး Unlock လုပ်နိုင်ပါတယ်။ ဒါ့အပြင် PayPal ကနေ ငွေလွှဲတာတွေကို Fingerprint Scanner ကနေ ပြုလုပ်နိုင်ပါတယ်။ S5 မှာ Isis, Google Wallet တို့လို Mobile Wallet များကို အသုံးပြုနိုင်ပါတယ်။

အမေရိကန် Carrier များဖြစ်တဲ့ AT&T, Sprint, T-Mobile, Verizon, MetroPCS တို့ရဲ့ 4G LTE ကို အလွန်လျှင်မြန်စွာ အသုံးပြုနိုင်မယ်လို့ Samsung က ပြောပါတယ်။

S5 မှာ ကျန်းမာရေး ကို စောင့်ကြည့်ပေးနိုင်တဲ့ S-Health နောက်ဆုံး ဗားရှင်း ကိုထည့်သွင်းပေးထားပါတယ်။ Samsung ရဲ့ Galaxy Gear 2 စမတ်နာရီအသစ်များ နဲ့တွဲဖက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ App က စားသောက်မှု၊ နှလုံးခုန်နှုန်းတွေကို တိုင်းတာ တွက်ချက်ပေးနိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *