Mobile, News, Review

Samsung Galaxy S5 ကို ကမ္ဘာအ၀န်းမှာ ရောင်းပြီ

Samsung က Galaxy S5 ကို ကမ္ဘာအ၀န်း မှာ ရောင်းချပေးလိုက်ပါပြီ။ S5 ကို အမေရိကန်၊ ဥရောပနဲ့ အာရှ အပါအ၀င် နိုင်ငံပေါင်း (၁၂၅) နိုင်ငံမှာ ရောင်းချပေးလိုက်ပါတယ်။ S5 နဲ့ အတူ Gear 2, Gear 2 Neo စမတ်နာရီများ၊ Gear Fit စမတ်လက်ပတ်ကိုပါ ရောင်းချ ပေးလိုက်ပါတယ်။

Galaxy S5 မှာ ၅.၁ လက်မအရွယ် HD Display တပ်ဆင်ထားပြီး အနောက်ဘက်မှာ 16 Megapixel Camera တပ်ဆင်ထားပါတယ်။ မျက်နှာချင်း ဆိုင်မှာ 2.1 Megapixel Camera တပ်ဆင်ထားပါတယ်။ Qualcomm Snapdragon Quad-Core 2.5GHz Processor, 2GB RAM တပ်ဆင်ထားပါတယ်။ 16 or 32 GB Storage ရွေးချယ်နိုင်ပါတယ်။ 2800mAh Battery တပ်ဆင်ထားပါတယ်။ Galaxy S5 ရဲ့ Processor ဟာ ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ စမတ်ဖုန်းတွေထဲမှာ အမြန်ဆုံး ဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုကို တိုင်းတာ ပေးနိုင်တဲ့ စွမ်းဆောင်ချက်များစွာ ပါရှိပါတယ်။ ရေစိုခံနိုင်တဲ့ စွမ်းရည် ပါရှိပါတယ်။ ကင်မရာ စွမ်းဆောင်ချက်က အလွန်ကောင်းမွန် ပါတယ်။ Fingerprint Sensor အသစ်လည်း ပါရှိပါတယ်။ S5 ကို အရောင်နှစ်မျိုးထုတ်လုပ်ပေးထားပြီး ဖုန်းနဲ့ ရေစိုခံနိုင်ပါတယ်။ ဘက်ထရီကို အလွန်ကြာရှည်စွာ အသုံးခံနိုင်တဲ့ နည်းပညာလည်း ထည့်သွင်းပေးထားပါတယ်။

ကင်မရာအသစ်မှာ အလျှင်မြန်ဆုံး Auto Focus ပြုလုပ်နိုင်တဲ့ စွမ်းရည်ပါရှိပြီး လျှင်မြန်စွာ ဓာတ်ပုံရိုက်ကူးနိုင်ပါတယ်။ High Dynamic Range (HDR) ကို အချိန်နဲ့ တစ်ပြေးညီပြပေးနိုင်ပါတယ်။ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးပြီးရင် တစ်ခါတည်း Edit လုပ်နိုင်တဲ့ Tools တွေ ထည့်သွင်းပေးထားပါတယ်။

iPhone 5S မှာလို Fingerprint Sensor ကို ထည့်သွင်းပေးထားပြီး ဖုန်းကို လက်ဗွေရာ အသုံးပြုပြီး Unlock လုပ်နိုင်ပါတယ်။ ဒါ့အပြင် PayPal ကနေ ငွေလွှဲတာတွေကို Fingerprint Scanner ကနေ ပြုလုပ်နိုင်ပါတယ်။ S5 မှာ Isis, Google Wallet တို့လို Mobile Wallet များကို အသုံးပြုနိုင်ပါတယ်။

အမေရိကန် မှာ အဓိက Carrier များဖြစ်တဲ့ Verizon, AT&T, Sprint, T-Mobile တို့မှ S5 ကို ၀ယ်ယူနိုင်ပါတယ်။ စာချုပ်နဲ့ ၀ယ်ယူရမှာ ဖြစ်ပြီး ကနဦးပေးရမယ့်ငွေက ၁၉၉.၉၉ ဒေါ်လာ သာ ရှိပါတယ်။ T-Mobile က Handset သီးသန့်ရောင်းချပေးနေပါတယ်။ အမေရိကန် ရှိ အရောင်းဆိုင်အများစု နဲ့ Carrier များက Gear Fit စမတ်လက်ပတ် ကို ဒေါ်လာ ၁၉၉ ဖြင့် ရောင်းချပေးနေပါတယ်။ Gear 2 Neo စမတ်နာရီ ရဲ့ ဈေးနှုန်း နဲ့ အတူတူပဲဖြစ်ပါတယ်။ Gear 2 စမတ်နာရီ ကို ဒေါ်လာ ၂၉၉ နဲ့ ရောင်းချပေးနေပါတယ်။ စမတ်နာရီ၊ စမတ်လက်ပတ် တို့နဲ့ တွဲဖက် အသုံးပြုဖို့ Galaxy Smartphone တစ်လုံးလိုအပ်မှာ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *