News

ကလေး ငိုရင် စမတ်နာရီ သို့ အချက်ပေးမယ့် Samsung Galaxy S5

Samsung Galaxy S5 မှာ Hidden Feature တစ်ခုပါရှိပြီး Baby Monitor အနေနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကလေး နားမှာ Galaxy S5 ကို ထားမယ်ဆိုရင် ကလေး ငိုတာနဲ့ Galaxy Gear Smartwatch မှာ အချက်ပေးမှာဖြစ်ပါတယ်။ Tech Blogger တွေက S5 ရဲ့ Accessibility Menu မှာ Baby Crying Detector ကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ S5 ရဲ့ Microphone က ကလေးငိုသံ ကို သိရှိနိုင်ပြီး ချိတ်ဆက်ထားတဲ့ Galaxy Gear Smartwatch သို့ တုန်ခါ အချက်ပေးမှာ ဖြစ်ပါတယ်။

အဲဒီစွမ်းဆောင်ချက်က ဖုန်းကို ကလေးနဲ့ တစ်မီတာ အကွာ မှာ ထားရှိရင် အကောင်းဆုံး အလုပ်လုပ်တယ်လို့ သိရပါတယ်။ အထူးသဖြင့် ဆူညံမှု မရှိတဲ့ အခန်းမှာ ဆိုရင် သင့်တော်ပါတယ်။ အဲဒီစွမ်းဆောင်ချက် ကို အသုံးပြုဖို့ စမတ်နာရီ ကို ၀ယ်ယူဖို့လိုတာ က မကောင်းတဲ့အချက်တစ်ခုဖြစ်ပါတယ်။ ကလေးအိပ်နေတဲ့ အချိန်မှာလည်း Message, Phone Call များ ၀င်လာရင် အဆင်မပြေဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *