Featured, News

Xiaomiက စွမ်းဆောင်ရည်မြင့် Mi Noteနဲ့ Mi Note Proဖုန်းနှစ်လုံးကို ကြေညာ

Xiaomiက စွမ်းဆောင်ရည်မြင့် Mi Noteနဲ့ Mi Note Proဖုန်းနှစ်လုံးကို ကြေညာ

ရှောင်မီက ဘေဂျင်းမှာ ပွဲတစ်ခုပြုလုပ်ပြီး iPhone 6 Plus, Samsung’s Galaxy Note 4, Meizu’s MX4 Pro
တို့ကို ယှဉ်ပြိုင်မယ့် စွမ်းဆောင်ရည်မြင့် Mi Noteနဲ့ Mi Note Proစမတ်ဖုန်းနှစ်လုံးကို ကြေညာလိုက်ပါတယ်။ ရှောင်မီ စီအီးအို Lei Junက ပိုမိုစွမ်းဆောင်ရည်ပြည့်တဲ့ Mi Note Proကို ပွဲပြီးခါနီးမှာ မကြေညာခင်မှာ Mi Noteနဲ့ ပတ်သက်တဲ့ သရုပ်ပြမှုတွေကို အဓိက အနေနဲ့ အချိန်အကြာကြီးယူပြီး ပြောပြခဲ့ပါတယ်။

Mi Noteမှာ ဘေးဘောင် အထူ သုံးမီလီမီတာနဲ့ ၆.၉၅ မီလီမီတာ ကိုယ်ထည်ထဲမှာ ထည့်သွင်းထားတဲ့ ၅.၇ လက်မ ထိတွေ့မျက်နှာပြင် ပါရှိပါတယ်။ အလေးချိန်ကတော့ ၁၆၁ ဂရမ် ဖြစ်ပါတယ်။ စင်ပေါ်မှာ သရုပ်ပြသရာမှာ Apple iPhoneထက် အနည်းငယ် ပါးလွှာပြီး ၁၁ ဂရမ် အလေးချိန် လျော့နည်းပါတယ်။ အရွယ်ကြီးပြီး ကြည်လင်ပြတ်သားတဲ့ မျက်နှာပြင်ကို ဂျပန်ကုမ္ပဏီ Sharpက ပြုလုပ်ပေးထားပြီး 1080p Resolutionဖြစ်ပါတယ်။ တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၃၈၆ ဖြစ်ပါတယ်။ Qualcomm Snapdragon 801 2.5GHz Processorက Mi Noteကို မောင်းနှင်မှာဖြစ်ပြီး 3GB RAM ပံ့ပိုးပေးထားပါတယ်။

Mi Note Proမှာ အရွယ်တူညီတဲ့ မျက်နှာပြင်ကို အသုံးပြုထားပေမယ့် Resolutionကတော့ 2560x1440pအထိ တိုးမြှင့်ထားပါတယ်။ တစ်လက်မလျှင် Pixelသိပ်သည်းဆမှာ ၅၁၅ ဖြစ်ပါတယ်။ Processorကိုတော့ Qualcommရဲ့ နောက်ဆုံးထုတ် Snapdragon 810 Octa-Core Chipဖြစ်ပြီး မြန်နှုန်းက 2.0GHz ဖြစ်ပါတယ်။ 4GB RAMထည့်သွင်းထားတဲ့ ရှားရှားပါးပါးဖုန်းတစ်လုံးပါ။ 64GB Internal Storageပါရှိပါတယ်။

ဖုန်းနှစ်လုံးစလုံးရဲ့ အနောက်မှာ Sonyရဲ့ Optical Image Stabilizationနည်းပညာပါတဲ့ 13 Megapixel Cameraနဲ့ Philipsရဲ့ LED Flashနှစ်ခုစီ ထည့်သွင်းထားပါတယ်။ အဲဒီအတွက် အလင်းရောင်နည်းပါးတဲ့ နေရာတွေမှာလည်း သဘာ၀အရောင်တွေကို ရရှိမှာပါ။ မျက်နှာပြင်ရဲ့ အထက်မှ 4 Megapixel Cameraမှာတော့ Selfieဓါတ်ပုံကောင်းများအတွက် ကြီးမားတဲ့ 2 micron pixel sensorပါရှိပါတယ်။

ဒီဇိုင်းဆန်းတဲ့ SIM Slotနှစ်ခုမှာ 4G LTEဆက်သွယ်မှုကို နှစ်ပေါက်လုံးမှာ အသုံးပြုနိုင်ပါတယ်။ Mi Note Proမှာ Cat-9 LTEကို အထောက်အပံ့ပေးပါတယ်။ Mi Noteဖုန်းနှစ်လုံးစလုံးမှာ 3000mAh Battery ပါရှိပြီး လက်ရှိရောင်းချနေတဲ့ RedMi Noteမှာ ပါတဲ့ ဘက်ထရီနဲ့ ပမာဏတူညီပါတယ်။ အခြားစွမ်းဆောင်ချက်များကတော့ Flacအပါအ၀င် အသံဖော်မက်များစွာနဲ့ Bluetooth 4.1, GPS, WiFiတို့ပါရှိပါတယ်။

ပါးလွှာ ကွေးညွှတ်တဲ့ Gorilla Glass Body

Xiaomiက Mi Noteမှာ ကွေးညွှတ်တဲ့ Gorilla Glass 3မျက်နှာပြင် နှစ်ခုကို ထည့်သွင်းထားပါတယ်။ အရှေ့ဘက်မှာ 2.5D Curveကို တပ်ဆင်ထားပြီး အနောက်ဘက်မှာ 3Dဖြစ်ပါတယ်။ အဲဒီအတွက် ဖုန်းဟာ ထိခိုက်မှုဒဏ်ကို ကောင်းစွာ ခံနိုင်ပြီး စမ်းသပ်မှုကို ရိုက်ကူးထားတဲ့ ဗီဒီယိုမှာ ဘောလုံးကို ဖုန်းပေါ်ပစ်ချတာ အပါအ၀င် အခြား ထိခိုက်မှုဒဏ်တွေကို ကောင်းစွာ တုန့်ပြန်နိုင်တာတွေ့ရပါတယ်။

16GB Mi Noteကို တရုတ်မှာ ယွမ် ၂၃၀၀ (ဒေါ်လာ ၃၇၀ ၀န်းကျင်)နဲ့ 64GB အမျိုးအစားကို ယွမ် ၂၈၀၀ (ဒေါ်လာ ၄၅၀ ၀န်းကျင်)နဲ့ ၀ယ်ယူနိုင်ပါတယ်။ Mi Note Proကတော့ အနည်းငယ်ပိုဈေးများပြီး ယွမ် ၃၃၀၀ (ဒေါ်လာ ၅၃၀၀န်းကျင်) ဖြစ်ပါတယ်။ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ရောင်းချမှာ ဖြစ်ပါတယ်။

ဒါဟာ မကြာမီက သတင်းထွက်ခဲ့တဲ့ Mi 5ကို အမည်ပြောင်းလိုက်တာလားတော့ မသိပါဘူး။ Mi 4ဟာ တစ်နှစ်နီးပါး ကြာပြီဖြစ်လို့ ဒီနှစ်ထဲမှာ Mi 5ကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *