Cameras

နည်းပညာသစ် Sensorကို အသုံးပြုထားတဲ့ Sony HVR HD 1000 Professional Camcorder

Features
Sony HVR HD 1000မှာ ပါ၀င်တဲ့ စိတ်၀င်စားစရာ ကောင်းတဲ့ Featureကတော့ ပုခုံးပေါ် တင်ပြီး ရိုက်ကူးရာတွင် အဆင်ပြေစေရန် shoulder-mountကို အထူး ဒီဇိုင်းထွင် ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ Black Matte Body ဖြင့် ပြုလုပ်ထားသည့်အတွက် ပေါ့ပေါ့ပါးပါး သယ်ဆောင်ရ လွယ်ကူပြီး Professional ဆန်ဆန် ခန့်ထည်စွာ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ပါ၀င်တဲ့ Build-in down-converterက အရည်အသွေး မြင့်မားတဲ့ DVDများကို ထုတ်လုပ်ပေးနိုင်တဲ့အတွက် အရည်အသွေး ပြည့်၀တဲ့ Professional Camcorder ဖြစ်ပါတယ်။ နောက်ထပ် စိတ်၀င်စားစရာ ကောင်းတဲ့ Feature အသစ်ကတော့ Image Stabilizer ဖြစ်ပါတယ်။ Image Stabilizerကတော့ လက်ရှားမှုကြောင့် ပုံရိပ်ဝါးခြင်း မကြည်လင်ခြင်းများကို ထိန်းညှိပေးနိုင်တဲ့ Feature တစ်ခု ဖြစ်ပါတယ်။ Image Qualityကို ကျမသွားစေဘဲ Real Viewအတိုင်း ရိုက်ကူးပေးနိုင်စွမ်း ရှိပါတယ်။

Design
သူရဲ့ ဒီဇိုင်းကတော့ ပေါ့ပါးသွက်လက်တဲ့ ပုံစံဒီဇိုင်းရှိပြီး Camcorderကို စတင် အသုံးပြုတဲ့ Beginner သမားများအတွက် အဆင်ပြေစေမယ့် ပုံစံဖြစ်ပါတယ်။ Body ကိုတော့ အရည်အသွေးမြင့်သည့် သတ္ထုဖြင့် ပြုလုပ်ထားတဲ့အတွက် ရာသီဥတု အပြောင်းအလဲဒဏ်ကို ခံနိုင်ပြီး အကြမ်းခံနိုင်တဲ့အပြင် ပေါ့ပါးတဲ့အတွက် အသုံးပြုသူတွေ အဆင်ပြေစေမှာ ဖြစ်ပါတယ်။ ထူးခြားဆန်းသစ်ထားတဲ့ shoulder-mount ဒီဇိုင်းက Camcorderကို အသုံးပြုသူရဲ့ ပုခုံးပေါ်မှာ ရှေ့ နောက် ဟန်ချက်ညီညီ ရိုက်ကူးနိုင် မှာ ဖြစ်ပါတယ်။

အသုံးပြုထားသည့် Sensor
1/2.9 လက်မရှိတဲ့ Clear Vid CMOS sensorကို အသုံးပြုပေးထားပါတယ်။ အဲဒီ sensorကတော့ ပုံရိပ်တွေကို အကောင်းဆုံး ဖော်ဆောင်ပေးနိုင်တဲ့ Sony sensor မျိုးဆက်သစ်တစ်ခုပါ။ ေ၀းပုံရိပ်များ ဆွဲယူရိုက်ကူးတဲ့အခါ အရည်အသွေး မြင့်မားပြီး Resolution ကောင်းတဲ့ပုံများ ရရှိစေပါတယ်။ Sonyက ထုတ်လုပ်လိုက်တဲ့ CMOS sensorတွေထဲမှာ Clear Vid နည်းပညာ ပါ၀င်တဲ့ Camcorderမှာတော့ Sony HVR HD 1000 တစ်ခုတည်း ရှိပါတယ်။ နည်းပညာသစ် sensor အသုံးပြုထားတယ်လို့ ဆိုနိုင်ပါတယ်။

မှန်ဘီလူးအမျိုးအစား
အဆိုပါ Camcorder မှာတော့ zoom ဆွဲယူ ရိုက်ကူးနိုင်ပြီး ပမာဏ မြင့်မားတဲ့ Optical zoom 10x ရှိ Carl Zeiss Vario-Sonner T* lens နဲ့ တွဲဖက် အသုံးပြုနိုင် ပါတယ်။ အဲဒီအချက်ကလည်း အရည်အသွေးမြင့် HDV ရိုက်ကူးနိုင်တဲ့ Professional Camcorder ကောင်းတစ်ခု ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။ T* lens ဆိုတာကတော့ မလိုလားအပ်တဲ့ အလင်းပြန်ခြင်းများ၊ အလင်း ထွက်ပေါ်ခြင်းများ မရှိစေဘဲ တိကျတဲ့ အရောင်အသွေးရှိတဲ့ ပုံရိပ်များကို ဖော်ဆောင်ပေးနိုင်တဲ့ မှန်ဘီလူး အမျိုးအစားဖြစ်ပါတယ်။ ကြီးမားပြီး လှည့်ယူ အသုံးပြုနိုင်တဲ့၂.၇ လက်မ LCD Screen နဲ့ လုပ်ဆောင်ချက်အားလုံးကို Display လုပ်ပေးမှာ ဖြစ်ပါတယ်။

အားသာချက်
သူရဲ့ အားသာချက်ကတော့ Image Stabilizer ပါ၀င်တဲ့အတွက် ရုန်းကန်လှုပ်ရှားနေတဲ့ ပုံရိပ်တွေကိုလည်း လျှင်လျှင်မြန်မြန်နဲ့ Focus လုပ်ပြီး ကြည်ကြည်လင်လင် ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ Manually Focusလည်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး ကြီးမားတဲ့ Camcorderကို အလွယ်တကူ သယ်ဆောင်နိုင်ဖို့အတွက် အထူးပြုလုပ်ထားတဲ့ shoulder-mountကလည်း အားသာချက်တစ်ခုလို့ ဆိုနိုင်ပါတယ်။

အားနည်းချက်
Sony HVR HD 1000 Camcorderရဲ ့ အားနည်းချက်ကတော့ သူ့မှာ အသုံးပြုနိုင်တဲ့ Feature တွေ အများကြီးပါ၀င်ပေမယ့် သာမန် အသုံးပြုသူများအဖို့တော့ အလွယ် တကူ နားမလည်နိုင်ပါဘူး။ နောက်ပြီး ကျပ် ၁၅ သိန်းကျော် တန်ဖိုးရှိခြင်းကလည်း အလွန်ဈေးကြီးတဲ့ Camcorder အမျိုးအစားဖြစ်စေပါတယ်။

၀ယ်ယူနိုင်မည့်နေရာ
ဈေးနှုန်းကတော့ ကျပ် ၁,၅၉၀,၀၀၀ ၀န်းကျင်ခန့်ရှိပြီး အမြို့မြို့အနယ်နယ်ရှိ Sony Showroomများတွင် ၀ယ်ယူနိုင်သည့်အပြင် ဖုန်း ၀၁-၅၄၆-၀၀၆၊ ၀၁-၂၄၅-၃၁၁သို့ ဆက်သွယ် ၀ယ်ယူနိုင်ပါတယ်။

Specifications
Carl Zeiss Vario-Sonnar T* zoom lens
10xoptical Zoom
Focal Length 5.4 to 54 mm
1/2.9-inch, ClearVid CMOS Sensor system
HDMI connector
2.7-inch LCD monitor, 211,200 dots, touchscreen
Rechargeable Battery Pack

Leave a Reply

Your email address will not be published. Required fields are marked *