News, Review

iPhone 6ကို ၀ယ်ယူဖို့ စောင့်ဆိုင်းနေသူများရှိနေ

iPhone 6ကို ၀ယ်ယူဖို့ စောင့်ဆိုင်းနေသူများရှိနေ

iPhone 6ကို ၀ယ်ယူဖို့ နယူးယောက်မြို့ရှိ Apple Storeရှေ့မှာ စောင့်ဆိုင်းနေသူတွေ ရှိနေပါပြီ။ Appleက ကြေညာဖို့ ခြောက်ရက်အလိုနဲ့ အရောင်းဆိုင်ကို ပစ္စည်းရောက်ဖို့ ၁၆ ရက်အလိုနေ့မှာ iPhone 6ကို ၀ယ်ယူဖို့ စောင့်ဆိုင်းနေကြတာပါ။

နည်းပညာရင်းနှီးမြှပ်နှံသူ Dan Bentonက ဗုဒ္ဓဟူးနေ့မှာ Twitterမှာ Apple အရောင်းဆိုင်ရှေ့မှာ iPhone 6ကို ၀ယ်ယူဖို့ စောင့်ဆိုင်းနေကြတဲ့ သူတွေရဲ့ ဓါတ်ပုံကို တင်ခဲ့တာ ဖြစ်ပါတယ်။

Business Insiderက အရောင်းဆိုင်အပြင်မှာ လူတွေ တကယ်စောင့်ဆိုင်းနေတယ်ဆိုတာကို အရောင်းဆိုင်၀န်ထမ်းကိုမေးပြီး အတည်ပြုနိုင်ခဲ့ပါတယ်။

“ကျွန်တော်တို့ ဘာမှ မကြေညာရသေးပါဘူး။ သူတို့ ဘာကို စောင့်ဆိုင်းနေတယ်ဆိုတာတောင် မသိကြဘဲ ရောက်ရှိနေကြတာပါ။”လို့ ၀န်ထမ်းက ပြောပါတယ်။

iPhone 6ဟာ အရွယ်နှစ်မျိုး ဖြစ်ပြီး အရင်မျိုးဆက်တွေထက် ပိုမိုကြီးတဲ့ မျက်နှာပြင်ကို အသုံးပြုထားမယ်လို့ သတင်းထွက်နေပါတယ်။ Appleက စက်တင်ဘာလ ကိုးရက်နေ့မှာ ပွဲတစ်ခုပြုလုပ်ပြီး စမတ်ဖုန်းအသစ်တွေကို ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။ အရောင်းဆိုင်တွေကိုတော့ ကြေညာအပြီး ဆယ်ရက်လောက်မှာ ရောက်ရှိမှာ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *