News

နှစ်သုံးဆယ် သက်တမ်းပြည့်သွားပြီဖြစ်တဲ့ Apple Mac

၁၉၈၄ ခုနှစ် ဇန်နဝါရီလ ၂၄ရက်နေ့မှာ Apple ကုမ္ပဏီမှ Macintosh ကိုစတင်မိတ်ဆက်ခဲ့ပါတယ်။ Macintosh နှင့်အတူ နည်းပညာဖန်တီးနိုင်မှုစွမ်းအားကို အကျိုးရှိရှိအသုံးပြုနိုင်အောင် လူသားအားလုံးရဲ့ လက်ထဲသို့ရောက်ရှိအောင် Apple ကနေဖန်တီးထုတ်လုပ်ပေးခဲ့ပြီး ထူးခြားဆန်းကြယ်တဲ့ နည်းပညာများဖြင့် ကမ္ဘာကြီးကိုပြောင်းလဲနိုင်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၄ရက်နေ့မှာတော့ Apple ကုမ္ပဏီမှ ၎င်းတို့၏ ကင်မရာအဖွဲ့ ၁၅ဖွဲ့ကို ကမ္ဘာအနှံအပြားသို့စေလွှတ်ပြီး Mac သက်တမ်း သုံးဆယ်ပြည့်အတွက် မှတ်တမ်းတင် ဗီဒီယိုကိုရိုက်ကူးခဲ့ပါတယ်။

Melbourne မြို့ထဲမှာအာရုဏ်တက်ချိန်မှစ၍ Los Angeles မြို့မှ နေဝင်ချိန်အထိ Apple မှ မှတ်တမ်းတင်ကင်မရာအဖွဲ့ဟာ နိုင်ငံပေါင်း ဆယ်နိုင်ငံမှ တည်နေရာ ၁၅ခုကို တစ်ရက်တည်းအတွင်း Apple ထုတ်ကုန်ပစ္စည်းများကိုအသုံးပြုနေတဲ့ လူတွေရဲ့ နေ့စဉ်လုပ်ဆောင်နေတဲ့ လုပ်ငန်းဆောင်ရွက်မှုများကို အံ့အားသင့်စေသော ဗီဒီယိုရိုက်ချက်များနှင့်အတူ မှတ်တမ်းတင်ရိုက်ကူး နိုင်ခဲ့ပါတယ်။ ထိုကဲ့သို့ ဗီဒီယိုရိုက်ကူးမှုတွေကို နာရီ ခုနှစ်ဆယ်ကျော်ကြာရိုက်ကူးခဲ့ရပြီး ဗီဒီယိုရိုက်ကူးမှုအားလုံးကို Apple ရဲ့ iPhone 5s ကိုပဲအသုံးပြုပြီး ရိုက်ကူးခဲ့တာပါ။ Apple Mac နှစ်သုံးဆယ်ပြည့် ဗီဒီယိုဖိုင်ကို အောက်ကလင့်မှာ ကြည့်ရှု့နိုင်ပါတယ်။

author-avatar

About Myo Zin

အမည်ရင်းမှာ မျိုးဇင်ကိုဖြစ်ပြီး Myanmar ICTတွင် နည်းပညာသတင်းများ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းစသည့် IT ပစ္စည်းများအကြောင်း ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *