News

Sea Games အထိမ်းအမှတ် သီချင်းများ၏ Ring Tonesများ အခမဲ့ ရယူနိုင်

အားကစား ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီမှ စီစဉ် ကျင်းပခဲ့သည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အသုံးပြုမည့် အထိမ်းအမှတ်သီချင်း Theme Song ပြိုင်ပွဲ ဆုရ သီချင်းများနှင့် အနုပညာရှင်များ၏ ဆီးဂိမ်းစ် ဂုဏ်ပြုတေး သီချင်း ပါဝင်မည့် Offical Albumဖြစ်သည့် We Love Sea Games တေးစီးရီးအယ်လ်ဘမ်တွင် ပါဝင်သည့် တေးသီချင်းများ၏ Ringtoneများကို အခမဲ့ ရယူနိုင်ကြောင်း သိရသည်။

“ကျွှန်တော်တို့ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီက ကြီးမှုးကျင်းပခဲ့တဲ့ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော်မှာ အသုံးပြုမယ့် Theme Songနဲ့ ဖွင့်ပွဲ ပိတ်ပွဲတွေမှာ အသုံးပြုမယ့် ဆုရ တေးသီချင်းတွေနဲ့ နာမည်ကျော် အဆိုတော်တွေရဲ့ ဆီးဂိမ်းစ် ဂုဏ်ပြု တေးသီချင်းတွေကို မြန်မာ့ အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ Download ရယူနိုင်ပါတယ်။ သီချင်းတိုင်းအတွက် Phone Ring Toneတွေကို တစ်ခါတည်းပြင်ဆင်ပေးထားပါတယ်”ဟု ယင်းစီးရီးကို တာဝန်ယူ စီစဉ်ပေးသည့် Event Masterမှ ကိုမိုးအောင်ဆွေက ရှင်းပြသည်။

အရှေ့တောင် အာရှ အားကစားပြိုင်ပွဲတွင် အသုံးပြုမည့် Theme Songဖြစ်သည့် ရောင်စုံဥယျာဉ်သီချင်း အပါအဝင် ဇော်ဝင်းထွဋ်၊ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဇော်ပိုင်၊ Rဇာနည်၊ ထူးအယ်လင်း၊ Lလွန်းဝါ၊ ဆောင်းဦးလှိုင်၊ နောနော်၊ မိုးမိုး၊ စိုင်းစိုင်းခမ်းလှိုင်၊ ဂျေမီ၊ အားတီ၊ ရဲလေး၊ S.I.Rအဖွဲ့သားများ၊ လေးလေးဝါး၊ ဆုန်သင်းပါရ်၊ ရေဗက္ကာဝင်း၊ Lဆိုင်းဇီ၊ ချမ်းချမ်း၊ ဝိုင်းစုခိုင်သိန်း၊ နီနီခင်ဇော်၊ နေနေ၊ သီရိဆွေတို့ အပါအဝင် မြန်မာသံ အဆိုရှင်များ၏ Group Songများ စုစုပေါင်း ၂၈ပုဒ်၏ Phone Ring Toneများကို www.27seagames2013.comတွင် Free Download ရယူနိုင်မည် ဖြစ်ကြောင်း သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

One thought on “Sea Games အထိမ်းအမှတ် သီချင်းများ၏ Ring Tonesများ အခမဲ့ ရယူနိုင်

  1. Sai Htwe says:

    Very good.Excellence.

Leave a Reply

Your email address will not be published. Required fields are marked *