Opinion

iPhone 5S နဲ့ iPhone 5Cနိူင်းယှဉ်ချက်

Myanmar ICTပရိသတ်တွေ အတွက် iPhone 5Sနဲ့ iPhone 5Cရဲ့ အချက်အလက်တွေကို နှိုင်းယှဉ်ပြီး တင်ဆက်ပေးလိုက် ပါတယ်။

iPhone 5Cဟာ iPhone 5အတိုင်းပဲ A6 Chip Processorကို တပ်ဆင် အသုံးပြုထားကာ လေးလက်မအရွယ် Retina Displayနဲ့ ဖြစ်ပါတယ်။ iOS 7ကို အသုံးပြုမောင်းနှင် ထားပြီး ကင်မရာဟာလည်း 8MPအရည်အသွေးနဲ့ f/2.4 Aperture, LED Flashတပ်ဆင် ထားပါတယ်။ အဆိုပါဖုန်းရဲ့ Unlockedဈေးနှုန်း ကတော့ 16GBကို ၅၄၉ဒေါ်လာနဲ့ 32GBကို ၆၄၉ဒေါ်လာ ဖြစ်ပါတယ်။ ကြိုတင်အော်ဒါမှာယူမှုကိုတော့ စက်တင်ဘာ ၁၅ရက်နေ့မှ စတင်ပြုလုပ်နိုင်ပြီး မြန်မာနိုင်ငံနဲ့ အနီးဆုံး စင်္ကာပူမှာတော့ လာမယ့် စက်တင်ဘာ ၂၀ရက်နေ့မှာ ၀ယ်ယူရရှိနိုင်မှာပါ။

ဈေးသက်သာမယ်လို့ အများထင်ထားခဲ့ပေမယ့် တကယ်တမ်းကျတော့ ဈေးက မသေးလှပါဘူး။ ပလတ်စတစ်ကိုယ်ထည်နဲ့ ပြုလုပ်ထားပြီး အရောင်ငါးမျိုး ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

Colorful iPhone 5C

iPhone 5Sကတော့ A6 Processorထက် နှစ်ဆပိုမို မြန်ဆန်တဲ့ 64-bit A7 Processorကို တပ်ဆင် အသုံးပြုထား ပါတယ်။ ဒါ့အပြင် Motionအတွက် M7ဆိုတဲ့ Co-Processorကို ထပ်မံ ထည့်သွင်းထားတာ ဟာလည်း ထူးခြားချက်တစ်ခုပါ။ မျက်နှာပြင်အကျယ် လေးလက်မ Retina Displayမှာ 326ppi (Pixel Per Inch)ဖန်တီး ထားပါတယ်။ နောက်ပြီးတော့ iPhone 5Sရဲ့ Home Buttonမှာ Finger Print Sensorကို Touch IDအနေနဲ့ ထည့်သွင်းပေးလိုက် တာဟာ ကမ္ဘာ့ပထမဦးဆုံးပဲ ဖြစ်ပါတယ်။

ကင်မရာကတော့ 8MPအရည်အသွေး တပ်ဆင်ထားကာ “True Tone Flash”ဆိုတဲ့ အမှောင်ထဲမှာတောင် ပုံရိပ်တွေကို ကောင်းကောင်း ရိုက်ကူးနိုင်မယ့် စနစ်လည်း ပါ၀င်ပါတယ်။ ဈေးနှုန်းက Unlockedဆိုရင် 64GB ၈၄၉ဒေါ်လာ၊ 32GBကို ၇၄၉ဒေါ်လာနဲ့ 16GBကို ၆၄၉ဒေါ်လာ သတ်မှတ်ထား ပါတယ်။ ရွေှရောင်၊ ငွေရောင်နဲ့ မီးခိုးရောင် ဆိုပြီး ကာလာသုံးမျိုး ထုတ်လုပ်သွားမှာပါ။ စက်တင်ဘာ ၂၀ရက်နေ့မှ စတင်အော်ဒါမှာယူ နိုင်မှာ ဖြစ်ပါတယ်။

ဒီထက်ပိုပြီး သိချင်သေးရင် iPhone 5S, iPhone 5Cတို့နဲ့ ပတ်သက်ပြီး သတင်းများ စုစည်းမှု မှာသွားရောက် ကြည့်ရှုနိုင်ပါတယ်။ ဒါ့အပြင် အဆိုပါ iPhoneအသစ်တွေမှာ အသုံးပြုမယ့် iOS 7ရဲ့ ပုံစံတွေကိုလည်း ဒီနေရာမှာလေ့လာ နိုင်ပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *