News

သောင်းဂဏန်းတန် Touch ဟန်းဆက်များ ၀ယ်လိုအား နှစ်ဆတက်

တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်းကြောင့် ယခုနှစ်အတွင်း ကျန်းခြောက်သောင်းတန် Touch မိုဘိုင်းလ်ဟန်းဆက်များမှာ ရောင်းအားနှစ်ဆ မြင့်တက် လာကြောင်း ရန်ကုန်မြို့တွင်းရှိ မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်များမှ စုံစမ်း သိရှိရသည်ဟု ဆိုသည်။

“ခုတလောကတော့ နာမည်ရှိပြီးသား ဖုန်းတွေက ရောင်းရတာ ပိုများတယ်။ Samsung, Huawei, Sony ဖုန်းတို့က ပိုရောင်းရတယ်”ဟု New Mobile ဖုန်းဆိုင်မှ ပြောသည်။ ဆင်းမ်ကတ်ချပေးမှု အနည်းအများပေါ် မူတည်ကာ ဈေးကွက်အပြောင်းအလဲများ ရှိကြောင်း၊ Key-Pad ဖုန်းများ ရောင်းအားကျဆင်းနေပြီး အင်တာနက်ကို အလွယ်တကူ ကြည့်ရှုနိုင်သည့်အတွက် Touch ဖုန်းများမှာ ယခုနှစ်အတွင်း ပိုမိုရောင်းအား ကောင်းလာခြင်းဖြစ်သည်ဟု ၄င်းက ဆက်လက်ရှင်းပြသည်။

“စက်တင်ဘာလထဲမှာ ရောင်းအားအေးနေတယ် ဆိုပေမယ့် နာမည်ကြီး တံဆိပ်တွေကတော့ ရောင်းရပါတယ်။ Huawei က ပိုရောင်းအား ကောင်းတယ်”ဟု KKA မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်မှ သိရသည်။ ရန်ကုန်မိုဘိုင်းလ် ဈေးကွက်အတွင်း၌ Key-Pad ဟန်းဆက်များမှာ ရောင်းအားကျဆင်းသွားပြီး Touch ဖုန်းများမှာ ရောင်းအားတက်လာကြောင်း၊ ဟန်းဆက်ဈေးကွက် အပြောင်းအလဲမှာ ဆက်သွယ်ရေး၏ ဆင်းမ်ကတ် ချထားပေးမှုနှင့် သက်ဆိုင်ကြောင်း လူကြီးမင်း ဖုန်းအရောင်းဆိုင်မှ မန်နေဂျာမသီရိက ဆိုသည်။

“CDMA ဖုန်းတွေ ချပေးတုန်းကတော့ Key-pad ကို ၀ယ်ကြသေးတယ်။ GSMတွေ ချပေးတော့ Touch ဖုန်းတွေကို ပို၀ယ်လာကြတယ်”ဟု ၄င်းက ပြောပြသည်။ တန်ဖိုးနည်းဖုန်းများ ချထားပေးပြီး နောက်ပိုင်းတွင်လည်း GSM ဖုန်းများက ပိုမိုရောင်းအား ကောင်းနေကြောင်း၊ တန်ဖိုးနည်း ဖုန်းများသည် ပြင်ပပေါက်ဈေး မြင့်မားမှုကြောင့် ဟန်းဆက်များ ၀ယ်ယူရာတွင် ဈေးနှုန်းသင့်တင့်ပြီး အဆင့်မြင့်သည့် ဟန်းဆက်များကိုသာ ၀ယ်ယူမှုများကြောင်း၊ ဟန်းဆက်ရွေးချယ်ရာတွင် ဈေးသက်သာမှုကိုသာ ရွေးချယ်သည့်အတွက် Huawei တံဆိပ်ကျပ်ခြောက်သောင်းတန်မှ ခုနှစ်သောင်း၀န်းကျင်ရှိ ဟန်းဆက်များက ၀ယ်လိုအား မြင့်မားနေခြင်းဖြစ်ကြောင်း ရန်ကုန် မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်များမှ သိရသည်။

“နှုန်းသင့် Touch ဖုန်းတွေက ခဏတော့ လှတယ်။ ရေရှည်တော့ မခံဘူးဆိုတာ သတိပြုသင့်တယ်”ဟု အိုင်တီပညာရှင်တစ်ဦးက ၄င်း၏ အမြင်ကိုပြောပြသည်ဟု ဆိုသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *