မနောဖြူလေး ကမ္ဘာမှာ ဖွံ့ဖြိုးမှု နောက်ကျနေသည့်၊ စက်မှု မထွန်းကားသည့်၊ ဆင်းရဲမှု မပပျောက်သေးသည့် နိုင်ငံများမှာ ဖံွ့ဖြိုးမှု ဖြစ်လာရန် နိုင်ငံတကာ ဖွံ့ဖြိုးမှု အေဂျင်စီများမှာ လုပ်ကိုင်နေသည့် ပညာရှင်များသည် နည်းလမ်းအမျိုးမျိုးကို ရှာဖွေမနောဖြူလေး ကမ္ဘာမှာ ဖွံ့ဖြိုးမှု နောက်ကျနေသည့်၊ စက်မှု မထွန်းကားသည့်၊ ဆင်းရဲမှု မပပျောက်သေးသည့် နိုင်ငံများမှာ ဖံွ့ဖြိုးမှု ဖြစ်လာရန် နိုင်ငံတကာ ဖွံ့ဖြိုးမှု အေဂျင်စီများမှာ လုပ်ကိုင်နေသည့် ပညာရှင်များသည် နည်းလမ်းအမျိုးမျိုးကို ရှာဖွေခဲ့သည်။ ကမ္ဘာ့ဘဏ်တို့လို နိုင်ငံတကာ ဖွံ့ဖြိုးမှု အကူအညီတွေကို ဖွံ့ဖြိုးဆဲ နိုင်ငံများသို့ ပေးအပ်နေသည့် အဖွဲ့အစည်းများ၏ ဖွ့ံဖြိုးမှု အကူအညီပေးသည့် ပုံစံများ (Development Aid Models) ပြောင်းလဲလာသည်ကိုလည်း တွေ့ရသည်။
စစ်ပြီးကာလမှာ ၄င်းတို့ပေးသည့် ဖွံ့ဖြိုးမှု အကူအညီ အများစုသည် စက်ရုံအလုပ်ရုံများ၊ လမ်းပန်း ဆက်သွယ်ရေး ကဲ့သို့သော အခြေခံ အဆောက်အအုံများ တည်ဆောက်ရန်အတွက် ပေးသည့် အကူအညီများ ဖြစ်သည်။ ဖွံ့ဖြိုးမှုဆိုင်ရာ ပညာရှင်များက သုံးသပ်သည်မှာ ဒုတိယ ကမ္ဘာစစ်ပြီး လွတ်လပ်ရေး ရရှိသွားသည့် အာဖရိကတိုက်နှင့် အာရှရှိ နိုင်ငံများတွင် ဖွံ့ဖြိုးမှု နောက်ကျနေရခြင်းမှာ ကုန်ထုတ်စွမ်းအား (Productivity)ကို တိုးတက်စေသည့် အရင်းအနှီးများ မပြုလုပ်နိုင်သောကြောင့် ဖြစ်သည်။ ယခုပြောချင်တာကတော့ ပြောင်းလဲမှုတွေ လုပ်နေသည့် ကြားကာလ အတွင်း ယခုချိန်တိုင် ပြောင်းလဲမှုတွေ မတွေ့ရှိရသေးပါ။ ဘာကြောင့် ပြောင်းလဲမှုတွေ နှေးကွေးနေသလဲဆိုတာ စဉ်းစားစရာ ဖြစ်လို့နေပေသည်။
လူတစ်ဦးချင်း တစ်ယောက်ချင်းရဲ့ ကိုယ်ရည်ကိုယ်သွေး မတိုးတာကြောင့်လို့ ထင်မြင်မိပါသည်။ လူတိုင်း လူတိုင်းသည် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြောင်းလဲမှုကို လိုချင်တဲ့ ဆန္ဒများသာ ပြင်းပြနေသော်လည်း ကိုယ်တိုင်ကမူ ပြောင်းလဲမှုနဲ့ အံ၀င်ခွင်ကျ လိုက်လံပြောင်းလဲရန် စိတ်ကူး မရှိကြခြင်းလည်း ဖြစ်နိုင်ပေသည်။ မည်သူမဆို ကိုယ် ဘာမှားနေသလဲ ဆိုတာ စဉ်းစား စိတ်ကူး မကြည့်ကြပဲ ဘယ်သူက ဘယ်နေရာမှာ မှားယွင်းနေသလဲ ဆိုတာမျိုးသာ လိုက်လံ ေ၀ဖန်သုံးသပ် နေပေတော့သည်။ ရှင်းရှင်းပြောရရင်တော့ ကိုယ့်မျက်ချေး ကိုယ်မမြင်ပဲ သူများမျက်ချေး လိုက်ကြည့်နေကြသူတွေ များပြားနေပေသည်။ ဒီလို ဘာကြောင့် ပြောရသလဲဆိုရင်ဖြင့် ပြီးခဲ့တဲ့ သင်္ကြန် တွင်းကာလ အညာဒေသဘက်သို့ ဘုရားဖူး ထွက်စဉ်မှာ မြင်တွေ့ရတာတွေကတော့ အလွန်တစ်ရာမှ စိတ်မချမ်းမြေ့ဖွယ်ရာတွေပါပဲ။
ပြောင်းလဲဖို့အတွက် မြို့ပေါ်တွင်ပဲ လုပ်နေလို့ ပြောင်းလဲမလာပါဘူး။ တောရွာတွေ၊ မြို့နဲ့ေ၀းပြီး အတွေးအခေါ် မဖွံ့ဖြိုးသေးတဲ့ ဒေသတွေပါ ပြောင်းလဲဖို့ လိုလာပါသည်။ ဘယ်နေရာမှ မကြည့်ပါနဲ့ဦး တစ်နှစ်တစ်ခါ ဘုရားပွဲတော် ခြိမ့်ခြိမ့်သဲသဲ ကျင်းပပြီး မြန်မာပြည်အနှံ့အပြားမှ ဘုရားဖူး ဧည့်သည်များအပြင် နိုင်ငံတကာမှ နိုင်ငံခြားသား ခရီးသွား ဧည့်သည်များပါ တိုးမပေါက်အောင် စည်ကားလှသည့် ရွေှစက်တော် ဘုရားပွဲတော်ပင် ဖြစ်ပါသည်။ အထက်စက်တော်ရာ အတက်စောင်းတန်းများတွင် လူကြီး၊ လူငယ်မရွေး တောင်းရမ်း စားသောက်နေသော လူအများအပြားကို တစ်နှစ်ထက် တစ်နှစ် ပိုမို တိုးတက် များပြားလာတာကို တွေ့ရှိခဲ့ရပါသည်။ နိုင်ငံခြားသားများ အထင်အမြင် သေးစရာ အဖြစ် မပြောနဲ့ ကိုယ့်မြန်မာအချင်းချင်းတောင် ခြေ၊ လက်အကောင်း ကိုယ်ခန္ဓာ မချွတ်ယွင်းပဲ အသက်ငယ်ငယ် ပိုက်ဆံတောင်း နေကြသော သူများကို ကြည့်ပြီး စိတ်လည်း ပျက်မိသလို ဘယ်လို အတွေးအခေါ်တွေနဲ့ ဘ၀ကို ဖြတ်သန်းနေကြသလဲ၊ ဒီလိုလူမျိုးတွေ ဘယ်လောက်တောင် များပြားနေသလဲ လွယ်လွယ်ရ၊ လွယ်လွယ်သုံး၊ အများသူငှာ အလှူဒါနကို ဒီလိုမျိုးနဲ့တော့ အလွဲသုံးစား မလုပ်သင့်ဘူးလို့ မြင်မိပါသည်။
အရင်တုန်းကတော့ ကျိုက်ထီးရိုး သွားတုန်းကပဲ လမ်းပြင်နေသော သူများနဲ့ သက်ကြီးရွယ်အိုများ တောင်းရမ်းတာ မြင်ဖူးခဲ့ပါသည်။ ယခုတော့ ဒီဘုရားပွဲတော်မှာ ဒီလိုမျိုး ပုံစံတွေနဲ့ မြင်မိတော့ ဘုရားဖူး ဧည့်သည်များကို စိတ်ကသိကအောင့် ဖြစ်မယ်လို့ ထင်ပါသည်။ နောက်ပြီး ဒီလိုမျိုးကို ဘုရားမှာ တာ၀န်ရှိသူများ ထားရှိနေသလား ဆိုတာလည်း စဉ်းစားစရာ ဖြစ်လို့နေပါသည်။ စပ်စပ်စုစု မေးကြည့်တော့ ဒီလို တောင်းစားနေသူများသည်လည်း အခွန်ဆောင်ရသည်လို့ သိရှိရပါသည်။ အလွန်တစ်ရာ အံ့သြပေစွ။
နောက် ရွေှစက်တော် ညဥ့်နက်ပိုင်း မန်းချောင်းထဲတွင် ရေငုပ် ငါးရှာ၊ ဖားရှာများလည်း တစ်နေ့ကို ၁၅၀၀ အခွန်ဆောင်ရသည်လို့ သိရှိရပါသည်။ တည်းခိုဆောင် စရိတ်များသည်လည်း ပွဲတော်အတွင်း ဈေးနှုန်းများကို တစ်နေ့ထက် တစ်နေ့ မတူပဲ ဈေးနှုန်းများ မြင့်တက်စွာ ငှားရမ်း နေထိုင်ခဲ့ရပါသည်။ နောက် အညာဒေသ တစ်၀ိုက် လမ်းများတွင်လည်း ရွာတစ်ရွာ ရောက်တိုင်း အမှန်တကယ် အလှူခံများအပြင် အုပ်စုဖွဲ့ပြီး ဖလားတစ်လုံးနဲ့ လူကြီးမပါ ဘာအတွက် ညာအတွက် မပြောပဲ အလှူခံကြ သူများလည်း ရွာတိုင်းနီးပါး လိုလိုပင် ဖြစ်လို့နေပါသည်။
တချို့အလှူခံများသည် ဘာအတွက် အလှူခံတာလို့ ပြောဆိုကြသည့် အပြင် အလှူခံမဏ္႑ပ် ရောက်တိုင်း ဒေသ အစားအစာများကို ကျေွးမွေး နေကြသည်မှာလည်း အညာဒေသရဲ့ ချစ်စရာ ဓလေ့တစ်ခုအဖြစ် သိမှတ်ခဲ့ရပါသည်။ အလှူအတန်းအတွက် များများ လှူနိုင်အောင်လည်း ဘုရားမှာလှူပြီး ဘုရားစောင်းတန်း တစ်လျှောက်တွင် အကြေွလဲလှယ်နေကြသူများလည်း နေရာတိုင်းပင် တွေ့ရှိခဲ့ရပါသည်။ တစ်ထောင်ကို ကိုးရာမျိုးနဲ့ လဲလှယ်ခဲ့ရပါသည်။ ကျွန်မသည်လည်း လဲလိုက် လှူလိုက်နဲ့ အလှူအတွက် နှံစပ်အောင် အတော် ခရီးရောက်ခဲ့ပါသည်။ ဒီနောက် ပုဂံ- ညောင်ဦးဘက်သို့ ခရီးဆက် ထွက်လာခဲ့သောအခါ အညာဒေသ၏ လူ့ယဉ်ကျေးမှုသည်လည်း သိပ်ပြီး မတွေ့ရှိရသလောက်ပင် ဖြစ်ပါသည်။
သင်္ကြန်ကာလ ခရီးသွားသောအခါ ရေပက်ခံကားများဖြင့် ထိပ်တိုက် တွေ့ရှိပါသည်။ ရေပက်ခံကား မဟုတ်ပဲ ဘုရားဖူးကား ဖြစ်ကြောင်း ရေလောင်းတာ တော်ရုံပဲ လောင်းသင့်ကြောင်း ပြောသောအခါ ဒေသခံ လူငယ်များသည် ရိုက်မယ် နှက်မယ် ပုံစံမျိုးများ အသွင်ကို တွေ့ရှိရသည့်အခါ မြို့ကြီးပြကြီးထက်တောင် အလွန်ဆိုးဝါးနေပါသလားလို့ ထင်မိပါသည်။ ရှေးတုန်းကတော့ ဒီလို ဒေသများတွင် အခက်အခဲ ဖြစ်သူများကို အလွန်တစ်ရာ ကူညီတတ်သည့် မြန်မာ့ဓလေ့ စရိုက်များ ဘယ်တွေများ ရောက်ကုန်ကြပါလိမ့်။ ရှေးဘုရင်များ လက်ထက်ကတော့ ပုဂံဒေသတွင် ကျွန်ရွာများ ရှိသည်လို့ သိမှတ်ခဲ့ရပေမယ့် တောင်းရမ်း စားသောက်နေသော သူများကို ပုဂံဘုရားများတွင် သိပ်မတွေ့ရှိခဲ့ရပါ။
လမ်းများတွင် ကလေးများ အုပ်စုဖွဲ့ပြီး လာသမျှ ခရီးသွား ကားများနောက် ပြေးလိုက်နေသည်မှာလည်း အလွန်တစ်ရာ အသက်အန္တရာယ် ကြီးလှပါသည်။ မိဘများက မဟန့်တားပဲ သူတို့၀မ်းစာ သူတို့ ရှာစားနေကြတာ လို့များ တွေးထင်ထားကြသလား ဆိုတာ မသိနိုင်ပေ။ ဒီလို ခရီးသွား ရာသီမျိုးမှာ နိုင်ငံတကာက မြန်မာနိုင်ငံရဲ့ အထင်ကရ နေရာများကို လာရောက် လှည့်ပတ်တဲ့အခါ နိုင်ငံရဲ့ ကျက်သရေ ယုတ်လျော့စေတဲ့ အပြုအမူများကို အမြန် ပြောင်းလဲသင့်နေပြီဆိုတဲ့ အကြောင်းနှင့် ပြုပြင်ပြောင်းလဲမှုများကို နိုင်ငံနဲ့ အ၀ှမ်း တစ်ပြေးညီ ပြောင်းလဲသင့်ပြီ ဖြစ်ကြောင်း မြင်တွေ့ သိမှတ်ခဲ့သမျှကို ရေးသား တင်ပြလိုက်ရခြင်းပင် ဖြစ်ပါတော့သည်။