Business, Featured, Lifestyle, News

မြန်မာနိုင်ငံသို့ ၀င်ရောက်လာသည့် ပထမဆုံး အမေရိကန် အရောင်းဆိုင် Gap

မြန်မာနိုင်ငံသို့ ၀င်ရောက်လာသည့် ပထမဆုံး အမေရိကန် အရောင်းဆိုင် Gap

အမေရိကန် ကုမ္ပဏီ Gapက မြန်မာနိုင်ငံမှာ အ၀တ်အစား အရောင်းဆိုင်ဖွင့်လှစ်မယ်လို့ ကြေညာပါတယ်။ Gapဟာ လွန်ခဲ့တဲ့ သုံးနှစ်ကစပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းလာတဲ့ မြန်မာနိုင်ငံကို ၀င်ရောက်လာတဲ့ ပထမဆုံး အမေရိကန် အရောင်းဆိုင်ဖြစ်လာပါတယ်။

စီးပွားရေးမြို့တော်ကြီးဖြစ်တဲ့ ရန်ကုန်မှာ စက်ရုံနှစ်ခုတည်ဆောက်မှာ ဖြစ်ပြီး ကုမ္ပဏီရဲ့ Old Navyနဲ့ Bananaအမျိုးအစား Vestsနဲ့ Jacketsများကို ထုတ်လုပ်မှာဖြစ်ပါတယ်။

အာရှနိုင်ငံများကတော့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေကြတာကြာပြီဖြစ်ပေမယ့် မြောက်အမေရိကနဲ့ ဥရောပမှ ကုမ္ပဏီများကတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ မြန်မာနိုင်ငံကို ခြေဦးပြန်လှည့်လာတာပါ။ အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုတွေကို လျှော့ချပေးလိုက်တာကြောင့်လည်း ကုမ္ပဏီတွေက ရင်းနှီးမြှပ်နှံလာကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လမ်းပန်းဆက်သွယ်ရေး ညှံဖျင်းမှုတွေ၊ လျှပ်စစ်မီးမမှန်တာတွေအပါအ၀င် အခြား အခက်အခဲများ ရှိနေပေမယ့် လုပ်အားခဈေးသက်သာတဲ့အတွက် နိုင်ငံတကာမှ ကုမ္ပဏီများက မျက်စိကျနေတာဖြစ်ပါတယ်။

“ မြန်မာနိုင်ငံအတွက်တော့ သမိုင်း၀င်မှတ်တမ်းတစ်ခုပါ။ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေးတွေကို အရှိန်မြန်မြန်နဲ့ ဖွံ့ဖြိုးဖို့ ကူညီမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ စံနှုန်းတွေအတိုင်း လုပ်ငန်းခွင်ကို တိုးတက်ကောင်းမွန်အောင်ပြုလုပ်မှာ ဖြစ်ပါတယ်။ ကမ္ဘာအ၀န်းမှာလည်း ကျွန်တော်တို့ စက်ရုံတွေကို တည်ဆောက်ထားပါတယ်။”လို့ Gapရဲ့ ဒုတိယ သမ္မတဖြစ်သူ Wilma Wallaceက ပွဲတစ်ခုမှာပြောပါတယ်။ အဲဒီပွဲကို အမေရိကန် သံအမတ် တက်ရောက်ခဲ့ပါတယ်။

Gapက တောင်ကိုရီးယား ကုမ္ပဏီပိုင်ဆိုင်တဲ့ စက်ရုံများမှာ အ၀တ်အထည်များထုတ်လုပ်မှာ ဖြစ်တယ်လို့ The Myanmar Timesကို ပြောပါတယ်။ အဲဒီစက်ရုံများမှာ Old Navyနဲ့ Banana Republicအမျိုးအစား Vestsနဲ့ Jacketsများကို ထုတ်လုပ်မှာ ဖြစ်ပါတယ်။

ရင်းနှီးမြှပ်နှံမှုပမာဏကို ကြေညာခြင်းမရှိပေမယ့် အင်္ဂလိပ်သတင်းစာတစ်စောင်က စက်ရုံတစ်ခုအတွက် လုပ်သား ခုနစ်ရာကို ငှားရမ်းဖို့ သဘောတူထားတယ်လို့ ပြောပါတယ်။ စက်ရုံတစ်ခုချင်းစီအတွက် လုပ်သားအရေအတွက် နှစ်ထောင်ခန့်အပ်မယ်လို့ သိရပါတယ်။

Gapက U.S. Agency for International Development, CARE International နဲ့ PACE Programတို့နဲ့ ပူးပေါင်းအလုပ်လုပ်မှာ ဖြစ်ပြီး အမျိုးသမီးလုပ်သားများအတွက် နည်းပညာနဲ့ လုပ်ငန်းကျွမ်းကျင်မှုများကို အထူးလေ့ကျင့်ပေးမယ့် အစီအစဉ်များပြုလုပ်ပေးမှာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *