News

မဲဆောက်ခရိုင် ရေလွှမ်းမိုးမှု မြန်မာနှင့် ကုန်သွယ်ရေး ထိုင်းဘက်က ဘတ်တစ်ဘီလီယံကျော် ဆုံးရှုံး

လေးရက်ကြာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ထိုင်းနိုင်ငံ၊တက်ခ်ပြည်နယ်၊မဲဆောက် ခရိုင်တွင် အနှစ် နှစ်ဆယ်အတွင်း အဆိုးရွားဆုံး ရေကြီးမှု ဖြစ်ပွားခဲ့ရာ မြန်မာ-ထိုင်းကုန်သွယ်ရေးတွင် ဘတ် ၁ဒသမ၂ ဘီလျံခန့် ဆုံးရှုံးခဲ့ရကြောင်း ထိုင်းအရာရှိများက ဇူလိုင်၃၁ရက်က ပြောကြားသည်ဟု သိရသည်။ ယခုအခါ မဲဆောက်မြို့တွင် အခြေအနေပုံမှန်ပြန်လည် ရောက်ရှိနေပြီဖြစ်ပြီး ကားများလည်း ပြန်လည်မောင်းနှင် နိုင်ပြီ ဖြစ်သော်လည်း မြန်မာနှင့်နယ်နိမိတ်ချင်း ထိဆက် နေစဉ် မိုရေးဈေးတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နေဆဲ ဖြစ်ကြောင်း၊ယခင်က မဲဆောက် ခရိုင်တွင် အများဆုံး နှစ်ရက်သာ မိုးဆက်တိုက် ရွာသွန်း ခဲ့သောကြောင့် ယခု မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုသည် မဲဆောက် ခရိုင်၏ စီးပွားရေး အတွက် တစ်နေ့လျှင် ဘတ်၃၀၀ခန့် ထိခိုက် နစ်နာ ခဲ့ကြောင်း၊တက်ခ် ပြည်နယ် ကုန်သည်ကြီးများ အသင်းမှ ဂုဏ်ထူးဆောင်ဥက္ကဌ ဘန်ပေါ့ကိုကီရတ် ချာချွှန်က ပြောကြားခဲ့ရသည်။

အဆိုပါ ရေကြီးမှုကြောင့်မဲဆောက်ခရိုင်ရှိ နေရာအချို့တွင် လျှပ်စီးမီးများ ပြတ်တောက် သွားပြီး ရိက္ခာထုပ်၅၀၀နှင့် ဆန်အိတ်၅၀၀ခန့်ကို တက်ခ်ပြည်နယ်အရာရှိများက ပေးပို့ခဲ့ကြောင်း ဆိုသည်။မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်တော်ဆေးခန်းတွင်လည်း ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့ သောကြောင့် ဆေးခန်းပိတ်ထားရပြီး မြဝတီမြို့ရှိ နှစ်နိုင်ငံဆက်သွယ်ထားသော ချစ်ကြည်ရေး တံတားအနီးမှ လူဝန်မှု ကြီးကြပ်ရေးရုံးတွင်လည်း ရေလွှမ်းမိုးမှု ဖြစ်ပေါ်ခဲ့ကြောင်းဆိုသည်။ ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ချင်းမိုင်၊ မယ်အိုင်၊မယ်ချမ်းနှင့် မယ်အွန်းခရိုင်များတွင်လည်း မြေပြိုကျမှုများနှင့် ရေကြီးမှုများ ဖြစ်ပေါ်နိုင်သည့် အရေးပေါ် အခြေအနေများ ကြေညာထားကြောင်း သိရသည်။

Source: Daily Eleven

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *