News

မြန်မာနိုင်ငံ၏ မြို့ပြစီမံကိန်းများအတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်

myanmar-civil-system

ရန်ကုန်မြို့တော် ကုန်သည်ကြီးများဟိုတယ်တွင် မေလ၆ရက်နေ့က ပြုလုပ်သည့် မြို့ပြပြုပြင် ပြောင်းလဲရေး ဖြစ်စဉ်များတွင် ပြည်ပနည်းပညာနှင့် အရင်းအနှီးများ ရရှိရန် နိုင်ငံ ၁၂နိုင်ငံမှ ကိုယ်စားလှယ် နှစ်ရာနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ အကြီးအကဲများ ဆွေးနွေးပွဲ၌ ပြည်ထောင်စု ဝန်ကြီးဦးကျော်လွင်က မြန်မာနိုင်ငံ၏ အသီးသီးသော မြို့ပြ စီမံကိန်းများ အကောင်အထည် ဖော်ရန် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ကြောင်း၊ လက်ရှိ ဆောင်ရွက်နေသည့် ကဏ္႑စုံ အမျိုးသား ဖံွ့ဖြိုးရေး စီမံချက်(National Comprehensive Development Plan)တွင် နိုင်ငံတစ်ခုလုံး၏ ဖံွ့ဖြိုးတိုးတက်မှုနှင့် ကဏ္႑ပေါင်းစုံ တိုးတက်မှုကို ထည့်သွင်း ရေးဆွဲထားသဖြင့် မြန်မာနိုင်ငံ၏ မြို့ပြ ဖံွ့ဖြိုးမှုကဏ္႑မှာ တိုးတက်ပြောင်းလဲရန် အလားအလာကောင်းများ ရှိကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့မှ အကြီးအကဲများ တက်ရောက်ကာ လက်ရှိမြို့ပြ စီမံကိန်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ မြန်မာနိုင်ငံ၏ မြို့ပြစီမံကိန်းများတွင် နိုင်ငံခြား လုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှု ရှိသော်လည်း ယခုအချိန်အထိ အလုပ်လုပ်ရန် စာချုပ်ချုပ်ခြင်း၊ ကမ်းလှမ်းခြင်း မရှိသေးကြောင်းလည်း သိရသည်။ ယင်းဆွေးနွေးပွဲကို အာရှစိမ်းလန်းမှု ဖံွ့ဖြိုးရေးဘဏ် (AGD), URA Singapore, Arup Cambodia, Aedas Singapore, Keppel Land စသည့် ကုမ္ပဏီများနှင့် အဖွဲ့အစည်းများလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *