News

Kaspersky မြန်မာနိုင်ငံအတွက် Partnerများဖိတ်ခေါ်

မြန်မာနိုင်ငံအတွင်းရှိ အနယ်နယ်အရပ်ရပ်မှ Kaspersky ၏ Retail နှင့် Enterprise Productများအားရောင်းချနေကြသော အရောင်းကိုယ်စားလှယ်များ၊ ကိုယ်စားလှယ်အဖြစ်လုပ်ကိုင်ရန်စိတ်ဝင်စားသူများသည် ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ် Kaspersky မှ PartnerConference အား လာမည့် August လတွင်ပြုလုပ်ရန် အစီအစဉ်ရှိပါသဖြင့် စိတ်ပါဝင်စားသူများ ကြိုတင်စာရင်း ပေးပို့နိုင်ကြောင်းသိရပါသည်။K Link Company Limited သည် Kaspersky ၏ မြန်မာပြည် ကိုယ်စားလှယ်ဖြစ်ပြီးKaspersky Products များရောင်းချနေသော Resellers များအားလုံးအား လိုအပ်သည့်Products Support ၊ Technical Support အပြင် Marketing ပြုလုပ်ရာတွင် ပိုမိုအထောက်အကူ ပြုနို်င်မည့် အစီအစဉ်များအား တိုင်ပင်ညှိနှိုင်းလိုပါသဖြင့် မပျက်မကွက် တက်ရောက်ကြပါရန် တိုက်တွန်းနှိုးဆော်ထားပါသည်။

ထို့အပြင် K Link Company မှ တိုက်ရိုက်ခန့်ထားခြင်းမရှိသည့် Reseller များအားလည်း ပိုမိုကောင်းမွန်သည့် စနစ်ဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ရောင်းချနို်င်ရန် နှင့် လိုအပ်သည့် Marketing Support ၊ Technical Supportများအား တက်ရောက်ဆွေးနွေးနိုင်ပြီးနယ်များမှ တက်ရောက်မည့်သူများအား K Linkမှ နေထိုင်နိုင်ရန် နေရာများစီစဉ်ပေးခြင်း အပြင်စားစရိတ်များထုတ်ပေးနိုင်ရန် စီစဉ်ထားကြောင်းသိရပါသည်။ စိတ်ဝင်စားသူများအနေဖြင့် K Link Company Limited, No.1, Building4, Myanmar Info Tech Park,Hlaing Campus, Yangon, Myanmar နှင့် Tel:951–‐507215,507216, Fax:951‐507412,Mobile: 09-3141828 ,[email protected] တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *